ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn | ရေးသားသူ Aye Thi Mon


ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။


ဟင်းချက်ဆီ ဆိုတာကို ဟင်းလျာတွေ ချက်ဖို့ အသုံးပြုလေ့ ရှိသလို အသုပ်တွေမှာလည်း ထည့်စားတတ်ကြပါတယ်။ ဒါတင်မကသေးပါဘူး ငါးခြောက်၊ အသားခြောက်။ လက်ဖက်စတာတွေကို စိမ်ပြီးတော့ စားရာမှာလည်း ဆီကို အသုံးပြုကြတာပါ။


ဟင်းချက်ဆီက နေ့စဉ် စားသောက်မှုမှာ မပါမဖြစ် ပါဝင်နေတဲ့အရာတစ်ခုပေါ့။ ကျန်းမာတဲ့သူတွေအတွက်က ဟင်းချက်ဆီက သိပ်ပြဿနာ မရှိပေမယ့် ဆီးချိုရှိတဲ့သူအတွက်ကတော့ ဆီးချိုအပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မတိုးစေဖို့ ဘယ်လို ဟင်းချက်ဆီ အမျိုးအစားက အကောင်းဆုံး ဖြစ်မလဲ။ဘယ်ဟင်းချက်ဆီကတော့ အန္တရာယ်ဖြစ်စေမလဲဆိုတာကို သေချာလေး ရွေးချယ်ဖို့ လိုပါမယ်။

ဒီလိုပြောရတာက နေ့စဉ် စားသုံးမှုအတွက် အသုံးပြုနေတဲ့ ဟင်းချက်ဆီ အများစုက ကျန်းမာရေးကို အကျိုးပြုနေတာမျိုး မရှိဘဲ ထိခိုက်စေနိုင်ခြေ ပိုများနေတာကြောင့်ပါ။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ကိုသေသေချာချာ ရွေးချယ်တာက ဆီးချို အပြင် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကိုပါ ကာကွယ်ရာရောက်ပါတယ်။



ဒီတောာ့ ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ က ဘာတွေဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်လား………….


Canola oil

Canola oil က အပင်ကနေရတဲ့ ဟင်းချက်ဆီ တစ်မျိုးပါ။ မုန်ညှင်းမျိုးရင်းဝင် rapeseed အပင်တွေကနေ ထုတ်ထားတာပါ။ Canola oil မှာ သစ်ကြားသီးတွေမှာ တွေ့ရတဲ့ omega-3 fatty acid အမျိုးအစား တစ်မျိုးဖြစ်တဲ့ alpha-linolenic acid ပါဝင်နေသလို ထောပတ်သီး နဲ့ သံလွင်ဆီ တွေမှာ တွေ့ရတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ monounsaturated fatty acids ပါဝင်နေပါတယ်။


လေ့လာမှုတွေ အရကတော့ Canola oil က အမျိုးအစား (၂) ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ် ကျစေဖို့ ထောက်ကူပေးသလို အကျိုးမပြု ကိုလက်စထရောပမာဏ ကျဆင်းစေဖို့လည်း လုပ်ဆောင်ပေးတယ်လို့ သိရပါတယ်။


သံလွင်ဆီ

သံလွင်ဆီက ဆီးချိုရှိသူတွေမှာ နှလုံးကျန်းမာစေဖို့ ထောက်ကူပေးတဲ့ ဟင်းချက်ဆီ တစ်မျိုးပါ။ သံလွင်ဆီမှာ အင်ဆူလင် တုံ့ပြန်နိုင်စွမ်း ကောင်းဖို့ လုပ်ဆောင်ပေးတဲ့ tyrosol လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေပါတယ်။ သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးမှာ ဖြစ်ပါတယ်။


နှမ်းကြတ်စေ့ဆီ

နှမ်းကြတ်စေ့ဆီမှာ အမျှင်ဓာတ် တစ်မျိုး ပါဝင်နေတာကြောင့် အဆာခံနိုင်စေပါတယ်။ အစားအစာတွေထဲက သကြားဓာတ်ကို ဖြည်းဖြည်းချင်း ချေဖျက်ပေးပြီး သွေးကြောတွေထဲကို သကြားဓာတ် နည်းနည်းစီပဲ ပို့ဆောင်ပေးတာကြောင့် ရုတ်တရက် သွေးချို မြင့်တက်မှု မဖြစ်စေဖို့ အထိရောက်ဆုံး ဟန့်တားပေးနိုင်မှာပါ။


ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိချင်တယ်ဆိုရင် နှမ်းကြတ်စေ့ဆီကို စားသုံးပေးလို့ ရပါတယ်။


သစ်​ကြားသီးဆီ

သစ်ကြားသီးဆီမှာ နှလုံးကျန်းမာစေနိုင်တဲ့ omega-3 fatty acids နဲ့ polyunsaturated fats တို့ ပါဝင်နေပါတယ်။ အင်ဆူလင် တုံ့ပြန်မှု ကောင်းစေပြီး ပုံမုန် စားသုံးပေးတာက အမျိုးအစား (၂) ဆီးချိုကို ကာကွယ်ပေးနိုင်ပါတယ်။


နှမ်းဆီ

နှမ်းဆီမှာ ဗီတာမင် E နဲ့ lignans လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို အမျိုးအစား (၂) ဆီးချိုရှိသူတွေမှလည်း သွေးတွင်းကိုလက်စထရော ထိန်းညှိပေးပါတယ်။


ဆီးချိုရှိသူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းချက်ဆီ ကို ရွေးချယ် စားသုံးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ ထောက်ကူပေးနိုင်သလို နှလုံးကျန်းမာစေပြီး သွေးတွင်းကိုလက်စထရော ကျစေဖို့လည်း ဂရုစိုက်ရာ ကျပါတယ်။ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ကာကွယ်ရာရောက်ပါတယ်။


ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘယ် ဟင်းချက်ဆီ ကို ရွေးချယ်မလဲဆိုတာကတော့ ပြသနေကျ ဆရာဝန်နဲ့ သေချာ တိုင်ပင်လို့ ရွေးချယ် လိုက်ပါ။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Credit: hellosayarwon.com


 


အသစ်ပြန်လည် ပြုပြင်ထားသော APK ကို ဒေါင်းယူလိုက်ပါ

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Random Posts

Recent in Player