ကိုဗစ်ဖြစ်ပြီးနောက် အဆစ်အမြစ်နဲ့ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

 

ကိုဗစ်ဖြစ်ပြီးနောက် အဆစ်အမြစ်နဲ့ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

Category

ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်ဖြစ်ပြီးနောက်မှာ အဆစ်အမြစ်တွေ၊ ကြွက်သားတွေ နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။ အိပ်ရာထဲမှာ ရက်ပိုင်းမျှ လှဲနေရတဲ့အခါ အဆစ်အမြစ်တွေ တောင့်တင်းတာ၊ ကြွက်သားတွေ အားနည်းတာ၊ ကိုက်ခဲတာ၊ နာကျင်တာ စတာတွေ ခံစားရတတ်ပါတယ်။ ဒီလို အဆစ်အမြစ်ကြွက်သားတွေ နာကျင်ကိုက်ခဲမှုတွေ သက်သာစေဖို့ -


1.  အနေအထားတစ်မျိုးတည်းကို အချိန်အကြာကြီးနေတာမျိုး မလုပ်ပါနဲ့။

တောက်လျှောက်လှဲနေတာ၊ ထိုင်နေတာမျိုး မလုပ်ပါနဲ့။ တစ်နာရီခြားတစ်ခါလောက် မကြာမကြာ       ပုံစံပြောင်းလဲပေးပါ။ ဘယ်/ညာစောင်းအိပ်တာ၊ အိမ်သာသွားတာ၊ မီးဖိုချောင်မှာ ရေသွားသောက်တာ၊  ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်တာမျိုးတွေ လုပ်ပေးပါ။


2.  လှုပ်လှုပ်ရှားရှားနေပါ။

အခန်းထဲပတ်ပြီး လမ်းလျှောက်ပါ။ မပင်ပန်းတဲ့ အိမ်အလုပ်လေးတွေ လုပ်ပေးပါ။


3.  အကြောလျှော့/ အကြောဆန့်ပေးပါ။

ကြွက်သားတွေ၊ အဆစ်အမြစ်တွေ ကောင်းကောင်းပြန်လည်အလုပ်လုပ်နိုင်အောင် ညင်ညင်သာသာ အကြောလျှော့/အကြောဆန့်ပေးပါ။ ဒီနည်းက နာကျင်မှုတွေကို အထိုက်အလျောက် သက်သာစေနိုင်ပါတယ်။

4.  နာကျင်မှုကို လျှော့ချပါ။

နာကျင်တာတွေကို သက်သာစေဖို့အတွက် ဆေးလိမ်းတာ၊ ရေနွေးအိတ်ကပ်တာမျိုးတွေ လုပ်ပေးပါ။

5.  ကိုယ်လက်ပြန်လည်သန်စွမ်းအောင် ပြုလုပ်ပါ။

ကိုယ်လက်ပြန်လည်သန်စွမ်းရေး ကျွမ်းကျင်ဆရာဝန်၊ ဆရာမတွေနဲ့ ဆက်သွယ်ဆွေးနွေးပေးပါ။ လိုအပ်သော လေ့ကျင့်ခန်းများ လုပ်ပေးပါ။ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ တစ်နေ့ကို နည်းနည်းချင်း စလုပ်ပြီး တဖြည်းဖြည်းချင်းမှ တိုးလုပ်ပေးပါ။

Credit >>>>> https://bit.ly/3C14xsh


အသစ်ပြန်လည် ပြုပြင်ထားသော APK ကို ဒေါင်းယူလိုက်ပါ

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Random Posts

Recent in Player