ကိုယ်ခံစွမ်းအားမြှင့်တင်ဖို့ နည်းလမ်းများ


ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အခုလက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကနေ ကာကွယ်ဖို့ရော တခြားရောဂါပိုးတွေ မဝင်နိုင်အောင်ရော ကိုယ်ခံစွမ်းအားကောင်းနေဖို့ လိုပါတယ်။


>>  ကိုယ်ခံစွမ်းအားကို မြှင့်တင်နိုင်ဖို့အတွက် -

●  လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ - တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။

●  ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာ စားပါ - အသီးအနှံတွေ၊ အသီးအရွက်တွေ များများစားပါ။ အသား၊ အရွက်၊ ကာဗွန်ဟိုက်ဒရိတ်တွေကို မျှမျှတတ စားပါ။

●  ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားပါ။

●  အိပ်ရေးဝဝ အိပ်ပါ - ညဘက်စောစောအိပ်ပါ။ အိပ်ချိန်ကို ပုံမှန်ထားပါ။

●  စိတ်ဖိစီးမှုကို လျှော့ချပါ - ပန်းခြံထဲ လမ်းလျှောက်ပါ၊ သူငယ်ချင်းတွေနဲ့ ဖုန်းပြောပါ၊ တရားထိုင်ကြည့်ပါ၊ ကိုယ်ဝါသနာပါတာလေးတွေ လုပ်ပါ။

●  ဆေးလိပ်ဖြတ်ပါ။

●  အရက်ကို တတ်နိုင်ရင် မသောက်ပါနဲ့၊ သောက်ရင်လည်း လျှော့သောက်ပါ။

●  ပိုးမွှားတွေရန်က ကင်းအောင် လက် ခဏခဏ ဆေးပါ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပါ။


>>  ကိုယ်ခံအားကောင်းအောင် တချို့အားဆေးတွေလည်း သောက်ပေးလို့ ရပါတယ်။ ဒါပေမဲ့ မလိုအပ်ဘဲ သောက်ရင်လည်း တန်ဆေး၊ လွန်ဘေး ဖြစ်တာမို့ ဆရာဝန်နဲ့တော့ အရင်တိုင်ပင်သင့်ပါတယ်။

●  ဗီတာမင် C - ဘက်တီးရီးယား၊ ဗိုင်းရပ်ပိုးတွေကနေ ကာကွယ်ပေးပြီး တုပ်ကွေးဖြစ်တဲ့ ကြာချိန်ကိုလည်း လျှော့ချပေးပါတယ်။ အရောင်လျော့စေတဲ့ အာနိသင်လည်း ရှိပါတယ်။

●  ဗီတာမင် D - သူက ကိုယ်ခံအားစနစ်အတွက် အရေးပါတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး တုပ်ကွေး၊ အအေးမိတာကို ကာကွယ်ပေးနိုင်ပါတယ်။

●  ဗီတာမင် A - သူကတော့ သောက်ရင်တောင် ခဏပဲ သောက်သင့်ပြီး ခန္ဓာကိုယ်က ပိုးမွှားတွေ တိုက်ထုတ်တဲ့ စွမ်းအားကို မြှင့်တင်ပေးပါတယ်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်း ပိုးဝင်တာကို ကာကွယ်ပေးနိုင်ပါတယ်။

●  Zinc - တုပ်ကွေးဖြစ်ပြီး ၂၄ နာရီအတွင်း သောက်ရင် ဖြစ်ပွားတဲ့ ကြာချိန်ကို လျှော့ချပေးနိုင်သလို ခဏခဏ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

●  စီလီနီယမ် - သူလည်း ကိုယ်ခံအားစနစ်အတွက် အရေးပါပြီး အစေ့အဆံတွေကနေ ရနိုင်ပါတယ်။ သူက antioxidant တစ်မျိုးဖြစ်ပြီး ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ၊ ကင်ဆာဆဲလ်တွေ ရန်ကနေ ကာကွယ်ပေးပါတယ်။

●  ပျားရည် - နာတာတွေ၊ ရောင်ရမ်းတာတွေကနေ သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ ပိုးမွှားတွေကို သေစေနိုင်ပြီး ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေကိုလည်း သက်သာစေပါတယ်။

●  ကြက်သွန်ဖြူ - အသက်ရှူလမ်းကြောင်း ပိုးဝင်တာကို ကာကွယ်ပေးပြီး တုပ်ကွေးမိတာ၊ ဗိုင်းရပ်စ်ပိုးတွေ ကနေလည်း ကာကွယ်ပေးပါတယ်။

●  Probiotics - သူက အူလမ်းကြောင်းမှာရှိတဲ့ ကောင်းတဲ့ဘက်တီးရီးယားတွေကို အားပေးပြီး ကိုယ်ခံအားကို ကောင်းစေပါတယ်။ အထူးသဖြင့် ကလေးတွေမှာ အသက်ရှူလမ်းကြောင်း ပိုးဝင်တာကို လျှော့ချပေးပါတယ်။


Dr. Htar (www.drmyanmar.com)


အသစ်ပြန်လည် ပြုပြင်ထားသော APK ကို ဒေါင်းယူလိုက်ပါ

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Random Posts

Recent in Player