မင်္ဂလာပါ အခုတင်ပေးလိုက်တဲ့ APK က မိမိ မသိခင်လေးမှာ သူခိုးဖြစ်စေ သူစိမ်းဖြစ်စေ ဖုန်းကို လာကိုင်ခဲ့လျှင် အချက်ပေး ( Alarm ) အော်သံကြီး ထမြည်အောင် လုပ်နည်းလေးကို တင်ပေးလိုက်ပါတယ်။
ဒီ APK ရဲ့ လုပ်ဆောင်ချက်တွေက --
၁။ လမ်းသွားတဲ့အခါ မိမိမသိအောင် ဖုန်းလာကိုင်ပါက တုံခါစေတယ်။
၂။ ဖုန်းဘေထရီအားသွင်းနေတဲ့အချိန် ဘေထရီ Charger ကြိုးကိုဖယ်ရှားလိုက်တာနဲ့ အသိပေးချက် အကြယ်ကြီး အော်စေတယ်။
၃။ ဖုန်းကို ချထားတဲ့အချိန် မိမိ မသိပဲ တခြားသူယောက် လာကိုင်ပါက အသိပေးချက် အကြယ်ကြီး အော်စေနိုင်ပါတယ်။
၄။ မိမိ မသိအောင် ဖုန်း Password ကို ခိုးဖြုတ်တယ်ဆိုရင် သူခိုးရဲ့ မျက်နှာက်ကို ဓါတ်ပုံရိုက်ပေးကာ ဓါတ်ပုံများအား မိမိ Gmail သို့ ပေးပို့စေကာ အသိပေးချက် အကြယ်ကြီး အော်စေပါတယ်။
အထက်ပါ အချက် (၄) ချက် တွေကို အသုံးပြုထားရင်တော့ ဖုန်း စကင်ပိတ်လည်း အော်နေတုန်းပဲ နောက်ပြီး ဖုန်းကို ပါဝါပိတ်လို့လည်းမရ။ ဖုန်းဘေထရီ အပြင်မှာ ပါတဲ့ဖုန်းတွေဆိုရင်တော့ ဘေထရီ ဖြုတ်ထားလို့ရတာပါ ဒါပေမဲ့ ပြန်တတ်ပြီး ပြန်ဖွင့်ရင် ပြန်အော်ပါလိမ့်မယ်။
ဖုန်းဘေထရီ အပြင်မှာ မပါတဲ့ဖုန်းတွေဆိုရင်တော့ သွားပါပြီ ဘယ်လိုနည်းနဲ့မှ မရပ်တော့ပါဘူး မိမိပေးထားတဲ့ Password ကို မဖြုတ် မချင်း အသံကြီးက ရပ်တန့်မှာ မဟုတ်ပါဘူးနော် မိမိပေးထားတဲ့ ဖုန်း Password ကို ဖြုတ်လိုက်မှ အသံက ရပ်တန့်သွားမှာ ဖြစ်ပါတယ်။
ကျနော့် လက်တွေ့ စိမ်းစပ်ပြီးမှ တင်ပေးတာပါ။
Download ဆွဲပြီးသွားရင် APK ကို အင်တာနက်မလို (Offline) နဲ့ အသုံးပြုနိုင်ပါတယ်။
APK Download - https://bit.ly/39Rihv2
အကယ်လို့ ပုံလေးတွေနဲ့ ပြထားတာ အဆင်မပြေဘူးဆိုရင် လုပ်နည်း ဗွီတီယိုဖိုင်နဲ့ပါ သေသေချာချာ ရှင်းပြထားပါတယ် သွားကြည့်လိုက်ပါ။
လုပ်နည်းကြည့်ရန် - https://bit.ly/33YhKUp
အားလုံးပဲ အဆင်ပြေကြပါစေ
Posts တင်ပေးသူ - @Mg Zin Myo






