မင်္ဂလာပါ Covid-19 ကာလမှာ ပညာရေးဝန်ကြီးဌာနက တရားဝင် ကြိုးပမ်းအားထုတ်ထားတဲ့ MDEP (Myanmar Digital Education Platform) ဆိုတဲ့ Application ကို တင်ပေးလိုက်ပါတယ်။
ဒီ Application ကို အသုံးပြုခြင်းအားဖြင့် အင်တာနက်ဖိုးမကုန်ဘဲ မူလတန်း မှစပြီး အထက်တန်းအထိ လေ့လာနိုင်တဲ့ သင်ကြားရေး အထောက်အကူပြု Application လေးပဲ ဖြစ်ပါတယ်။
ဒီ Application ကို COVID-19 ဖြစ်ပွားမှုတွေ မြင့်တက်နေလို့ ကျောင်းတွေ ပိတ်ထားတဲ့အချိန်မှာ အိမ်မှာနေရင်းနဲ့ အင်တာနက်ဖိုးမကုန်ပဲ သင်ရိုးအသစ်တွေ နဲ့ သင်ခန်းစာတွေကို
ဆရာ/မတွေရော ကျောင်းသားတွေပါ အချိန်မရွေး၊ နေရာမရွေး အခမဲ့ လေ့လာသင်ယူနိုင်တဲ့ Application ကို သွားရောက် ဒေါင်းယူလိုက်ပြီး ဖုန်းထဲမှာ ထည့်သွင်းကာ တကယ့်ကို အကြိုးရှိမရှိကို မိတ်ဆွေတို့ ကိုယ်တိုင် လေ့လာလိုက်ကြပါ။
အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ဒီ DBE LMS App ကို မြန်မာနိုင်ငံအတွင်းက ဖုန်းအော်ပရေတာအားလုံးနဲ့၊ အသုံးပြုသူတိုင်းကို အခမဲ့ (Zero Data Rate) နဲ့ သင်ယူလေ့လာနိုင်အောင် စီစဉ်ထားတဲ့ အချက်ပါပဲ။