မိုးရာသီမှာလိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Aye Thi Mon

မိုးရာသီမှာလိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှု

ရာသီတိုင်းမှာ အရေးအကြီးဆုံးက ကျန်းမာနေဖို့ဆိုရင် လက်ခံလား။ မိုးရာသီက ဘယ်လောက်ကဗျာဆန်ဆန်နေထိုင်မကောင်းရင်ပျော်စရာမကောင်းမှာကတော့ အမှန်ပဲလေ။နေထိုင်မကောင်းရင် ခန္ဓါကိုယ်မှာဝေဒနာခံစားရသလို အလုပ်အကိုင်လည်း ပျက်သေးတယ်။ငွေကုန်ကြေးကျကလည် များသေးတယ်။ ဒီပြဿနာတွေက ကင်းဝေးစေဖို့ဆိုရင် ဒီအခြေခံကျတဲ့ အချက်လေးတွေကို သိထားမှဖြစ်မှာပါ။


ကဲ…မိုးရာသီကို အကောင်းဆုံးကျော်ဖြတ်ရအောင်

စာတောင်ဖွဲ့ရတဲ့ မိုးရာသီမှာ ကျန်းမာနေစေဖို့ဆိုရင် ဒီအခြေခံကျတဲ့ အချက်လေးတွေကို လိုက်နာမှဖြစ်မှာပါ။


တစ်ကိုယ်ရေသန့်ရှင်းရေး


တစ်နေ့တာမှာ မမြင်ရတဲ့ ပိုးမွှားတွေများစွာကို ထိတွေ့မိနိုင်တဲ့ အခြေအနေတွေကအများကြီးပါ။ ဒါကြောင့် မိုးရေနဲ့အတူပါလာတဲ့ ဖျားနာမှုနဲ့ အရေပြားပြဿနာတွေကင်းစေဖို့ မိုးရေထဲကပြန်လာတိုင်းခြေလက်တွေကို ဆေးကြောဖို့ မိုးရေတွေကိုခြောက်အောင်သုတ်ဖို့ မမေ့သင့်သလိုနေ့စဉ်ရေချိုးသန့်စင်မှုကိုလည်းမေ့ထားလို့မရပါဘူး။


အာဟာရပြည့်ဝအောင်စားသောက်မှု


ကိုယ်ခံအားကောင်းစေဖို့ လိုအပ်တဲ့ အချက်တစ်ခုပါ။နေ့တိုင်း အာဟာရပြည့်ဝအောင်စားသောက်ပြီး ဖျားနာမှုတွေကိုတိုက်ထုတ်ပေးမယ့် ကိုယ်ခံအား ခံတပ်ကို အသင့်ပြင်ထားလိုက်ပါ။ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေပဲ စားဖို့ကိုတော့ မမေ့ပါနဲ့။ မိုးရာသီမှာ လမ်းဘေးစာတွေ၊ လက်လုပ်ချဉ်တွေ နဲ့ အမှည့်လွန်နေတဲ့အသီးတွေ သန့်ရှင်းမှုအားနည်းတဲ့ အစာအစာတွေကိုရှောင်ပါ။


ပြည့်ဝတဲ့ အိပ်စက်ချိန်


မိုးအေးအေးမှာ ရုပ်ရှင်ကြည့်ရတာကောင်းပေမယ့် ညဉ့်နက်ခံပြီး ရုပ်ရှင်ကြည့်တာ၊ဖေ့ဘုတ်ခ်သုံးတာ၊ ဂိမ်းကစားတာမျိုးမလုပ်ပါနဲ့။ ညတိုင်း အနည်းဆုံး ၇ နာရီတော့ အိပ်စက်ပါ။


အပြင်ကပြန်လာတိုင်းခြေလက်ဆေးပါ


မိုးရေစိုလာပြီးရင်ခြေထောက်တွေ လက်တွေကို ချက်ချင်းဆေးကြောပေးပါ။ ဒါမှ မှိုပိုးတွေကနေ ကာကွယ်ပြီးသားဖြစ်မှာပါ။ရေစိုနေတဲ့ အဝတ်အစားတွေကို ချက်ချင်းလဲပေးပါ။ ဒါမှ မှိုပိုးတွေကြောင့် အရေပြားမှိုစွဲတာမျိုးမဖြစ်အောင်ကာကွယ်ရာရောက်မှာပါ။


လက်ဆေးဖို့ မပျင်းပါနဲ့


အပြင်ကပြန်လာတိုင်း၊ အစားမစားခင်၊ ညစ်ပေတဲ့အရာတွေကိုင်တွယ်ပြီးတိုင်း၊ ရေအိမ်ကနေဆင်းတဲ့အချိန်တိုင်းမှာ လက်ကို သန့်စင်ဆေးကြောပေးပါ။ လက်ဆေးတာက အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ်အနည်းဆုံးသောရောဂါကာကွယ်ပေးတဲ့နည်းလမ်းပါ။


နေအိမ်ကိုသန့်ရှင်းအောင်ထားပါ


နေအိမ်သန့်ရှင်းမှုကလည်း ကျန်းမာရေးအတွက်လိုအပ်တဲ့အချက်တစ်ခုပါ။ ဒါကြောင့်နေ့တိုင်းနေအိမ်ကိုသန့်ရှင်းရေးလုပ်ပါ။ ဖုန်မှုန့်တွေကင်းစင်စေဖို့အပြင်ခြင်ကင်းစင်အောင်ပါဂရုစိုက်ပေးပါ။


အဝတ်အစားတွေကို မီးပူတိုက်ပါ


မီးပူတိုက်တာကရောဂါပိုးတွေ၊ မှိုပိုးတွေ၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတဲ့နည်းလမ်းတစ်ခုပေါ့။ ဒါကြောင့် မိုးတွင်းမှာ အရေပြားပြဿနာကင်းစေဖို့ အဝတ်အစားတွေကို မီးပူတိုက်ဝတ်ဖို့ မမေ့ပါနဲ့။


သုံးရေတွေကို ကလိုရင်းခတ်ပါ


သုံးရေတွေကနေရောဂါပိုးတွေ၊ ဘက်တီးရီးယားတွေ ပါလာနိုင်တာကြောင့် ကျန်းမာရေးကိုစောင့်ရှောက်တဲ့ အနေနဲ့ သုံးရေတွေကို ကလိုရင်းခတ်ပြီး ပိုးသတ်ထားပါ။


ဗီတာမင် စီ စားပါ


ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင် တစ်မျိုးပေါ့။ ဒါကြောင့် မိုးအေးအေးမှာ အအေးမိဖျားနာမှုကင်းစေဖို့အတွက် ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ။ လိမ္မော်သီး၊ ကီဝီသီးအပါအဝင် အချဉ်ဓါတ်ရှိတဲ့ အသီးတွေကို စားပေးပါ။


ရေသောက်ပါ


ကျန်းမာဖို့အတွက်ရေဓာတ်လုံလောက်ဖို့ကမေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့်နေ့တိုင်းမှာသောက်ရေကို ၇ ခွက်ကနေ ၈ခွက်အထိသောက်ပေးပါ။ကော်ဖီသောက်တဲ့သူတွေ၊ လက်ဖက်ရည်ကြိုက်သူတွေက အခြားသူတွေထက်ရေဓာတ်ပိုဆုံးရှုံးနိုင်တာကြောင့်ရေများများသောက်ပေးပါ။


Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


အသစ်ပြန်လည် ပြုပြင်ထားသော APK ကို ဒေါင်းယူလိုက်ပါ

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Random Posts

Recent in Player