COVID-19 မကူးစေဖို့ အိမ်မှာပဲ နေပါ။


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn | ရေးသားသူ Aye Thi Mon
 
အိမ်မှာပဲ နေပါ။
ဒီစကားက ခုကာလမှာ တော်တော်လေး ကြားရမှာပါ။ ခင်မင်ရင်းနှီးသူတွေဆီကရော မီဒီယာတွေကနေရောပေါ့။ ကာကွယ်ဆေးရော ကုသဆေးပါ မပေါ်သေးတဲ့ ကိုဗစ် ဖြစ်ပွားနေချိန်မှာ အထိရောက်ဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းတွေထဲက တစ်ခုက အိမ်မှာနေခြင်းပေါ့။

အိမ်မှာနေတာက ကိုဗစ်ကိုတင် ကာကွယ်နိုင်တာ မဟုတ်ဘဲ အခြား ဘယ်လို အကျိုးကျေးဇူးတွေ ရှိသလဲဆိုတာကို ဒီ ဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။

အိမ်မှာပဲ နေတဲ့အခါ ဘာအကျိုးကျေးဇူးတွေ ရမလဲ………
အိမ်မှာပဲ နေတဲ့အခါ

ကိုဗစ် ကူးစက်ခံရနိုင်ခြေ နည်းမယ်
အိမ်မှာနေပါ။ ကိုဗစ်ကို အထိရောက်ဆုံး ကာကွယ်ပါဆိုတဲ့ စကားအတိုင်း အိမ်မှာပဲနေတာက လူတွေနဲ့ ထိတွေ့မိနိုင်ခြေ နည်းပြီး ရောဂါပိုး ကူးစက်ခံရနိုင်ခြေက်ု သိသိသာသာ လျှော့ချနိုင်မှာပါ။

တုပ်ကွေး ကူးစက်ခံရနိုင်ခြေ နည်းမယ်
လူစုလူဝေး ဖြစ်တဲ့နေရာကို မသွားဘဲ အိမ်မှာပဲ နေတာက တုပ်ကွေး ကူးစက်ခံရနိုင်ခြေကို လျှော့ချရာ ရောက်ပါတယ်။ မုတ်သုံနဲ့ အတူ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ တုပ်ကွေး အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် အိမ်မှာပဲ နေပါ။

ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေ နည်းတယ်
အိမ်မှာပဲ နေတာက ချွေးကနေတဆင့် ဒါမှမဟုတ် လေထုထဲကနေတဆင့် ကူးစက်ခံရနိုင်တဲ့ ရောဂါတွေ ဖြစ်ကြတဲ့ အသည်းရောင် အသားဝါပိုး၊ တီဘီရောဂါပိုး စတဲ့ ပိုးတွေ ကူးစက်ခံရနိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။

မတော်တဆ ထိခိုက်နိုင်ခြေ နည်းတယ်
အိမ်မှာပဲ နေတာက မတော်တဆ ယာဉ်တိုက်ခံရတာ အပါအဝင် ထိခိုက်မိတာ၊ ချော်လဲတာလိုမျိုး မတော်တဆ ထခိုက်မှု ဖြစ်နိုင်ခြေလည်း နည်းပါတယ်။

အပန်းပြေတယ်
အိမ်မှာက သက်သောင့်သက်သာ အဆင်ပြေပြေ နေနိုင်တာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ အထောက်အကူ ပြုသလို စိတ်လက် အပန်းပြေစေဖို့လည်း အထောက်အပံ့ဖြစ်ပါတယ်။

အသစ်တွေ လေ့လာခွင့်ရတယ်
အိမ်မှာနေတဲ့အခါ အချိန်ကုန် သက်သာပြီး ရှိပြီးသား အရည်အသွေးတွေကို ပိုမို ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်သလို အသစ်အသစ်တွေကိုလည်း လေ့လာခွင့်ရမှာပါ။

မိသားစုနဲ့ ပိုမို ရင်းနှီး ချစ်ခင်လာမယ်
အိမ်မှာ မိသားစုနဲ့ အချိန်တွေကို ကုန်ဆုံးတာက မိသားစုဝင် အချင်းချင်းကြား တစ်ဦးနဲ့တစ်ဦး ပိုမို နားလည်လာစေပြီး ပိုမို ချစ်ခင်တဲ့ မိသားစု ဘဝလေးကို တည်ဆောက်နိုင်မှာပါ။

ကျန်းမာတဲ့ စားသောက်မှု ပုံစံကို ပိုင်ဆိုင်လာနိုင်မယ်
အိမ်မှာနေတာက အပြင်စာတွေ စားမိနိုင်ခြေ နည်းသွားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိမ်ချက် အစားအစာတွေကို စားသုံးမိစေတာက ကျန်းမာတဲ့ စားသောက်မှုကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးပါ။

ကျန်းမာတဲ့ စားသောက်မှု ပုံစံက ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မယ့် နည်းလမ်းပါ။

ကဲ….. မိတ်ဆွေ အိမ်မှာပဲ နေပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

  • Download - MMAPKNEWRO
  • Please Select Embedded Mode To Show The Comment System.*

    Previous Post Next Post

    Random Posts

    Recent in Player