ငရုတ်သီးက ကိုဗစ် ကာကွယ်သတဲ့လား။


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn | ရေးသားသူ Aye Thi Mon

ငရုတ်သီးက ကိုဗစ် ကာကွယ်သတဲ့လား။
မြန်မာလူမျိုး တော်တော်များများက  အစားစားရင် ခပ်စပ်စပ်လေးမှ အရသာတွေ့တတ်ကြပါတယ်။ နေထိုင်မကောင်းတဲ့အခါ မုန့်ဟင်းခါးကို ငရုတ်သီး နိုင်ချင်းလေးထည့်ပြီး ခပ်စပ်စပ်လေး စားလိုက်တာ ဒါမှမဟုတ် ချဉ်ငန်စပ် မုန့်တီလေးများ သောက်လိုက်ရင် ချွေးလေးတွေ စို့လာပြီး ပေါ့ပါးသွားတတ်ကြပါတယ်။

ခံတွင်း မတွေ့တာတွေတောင် ပျောက်လို့ ခံတွင်းလိုက်လာပြီး နေကောင်းဖို့ အတော်လေး နီးစပ်လာပြီပေါ့။ ဒီလိုဆို ငရုတ်သီးက နေကောင်းစေဖို့ ထောက်ကူပေးနိုင်တယ်ပေါ့။ ဒါဆို ကိုဗစ်ကိုရော ကာကွယ်ပေးနိုင်မလား………..

ငရုတ်သီး စပ်စပ်လေး နဲ့ ကျန်းမာရေး
ငရုတ်သီးက ခံတွင်းတွေ့စေတာအပြင် သူ့မှာ ခန္ဓာကိုယ်ကို အကျိုးပြုနိုင်တဲ့ အာဟာရတွေ ဖြစ်ကြတဲ့

ကယ်လ်လိုရီ
ရေဓာတ်
ပရိုတင်း
ကာဗိုဟိုက်ဒရိတ်
သကြားဓာတ်
အမျှင်ဓာတ်
ဗီတာမင် C
ဗီတာမင် B6
ဗီတာမင် K1
ပိုတက်ဆီယမ်
Copper
ဗီတာမင် A တို့ ပါဝင်နေပါတယ်။ ကိုယ်ခံအား ကောင်းစေသလို အဆုတ်၊ ကျောက်ကပ်တို့ ကျန်းမာစေပြီး သွေးမခဲစေဖို့လည်း ကာကွယ်ပေးပါ။
ငရုတ်သီးက ကိုဗစ်ကို ကာကွယ်သတဲ့လား………………..
ငရုတ်သီးမှာ ဗီတာမင် C ပါဝင်တာကြောင့်  ကိုယ်ခံအားကို ကောင်းစေတယ် ဆိုပေမယ့် သာမန် ဖျားနာတာနဲ့ ရာသီတုပ်ကွေးလောက်ကိုပဲ သက်သာစေနိုင်တာပါ။ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ရောဂါ တော်တော်များများရဲ့ ဒဏ်ကနေ ကာကွယ်ပေးနိုင်ပေမယ့် ကိုဗစ်ကိုတော့ ကာကွယ်ပေးနိုင်တယ်လို့ မတွေ့ရှိရသေးပါဘူး။

အစားအသောက်တွေထဲမှာ ငရုတ်သီး ထည့်စားတာက အရသာတိုးစေတယ် ခံတွင်းတွေ့စေတယ် ဆိုပေမယ့် ကိုဗစ်ကို မကာကွယ်နိုင်သလို ကုသမှုလည်း မပေးနိုင်ပါဘူး။ ငရုတ်သီးကို အလွန်အကျွံ စားသုံးမိတဲ့အခါ အစာအိမ် ပူတာ၊ နာတာမျိုးတွေ ခံစားရနိုင်ပါတယ်။ အဆိုးဆုံး အနေနဲ့ကတော့ ကင်ဆာ ဖြစ်စေနိုင်တာပါ။

ငရုတ်သီးက ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေနိုင်ပေမယ့် တန်ဆေး လွန်ဘေးပါ။ ကိုဗစ်ကိုလည်း မကာကွယ်နိုင်ပါဘူး။ ဒါကြောင့် ကိုဗစ်ကို ကာကွယ်ချင်တယ် ဆိုရင်တော့ ငရုတ်သီး မစားပါနဲ့။ ကိုဗစ်ကို ထိရောက်စွာ ကာကွယ်နည်းဖြစ်တဲ့

အပြင်က ပြန်လာတိုင်း လက်ဆေးပါ။
အရာဝတ္ထုတွေကို ကိုင်တွယ်ပြီးတိုင်း အစားမစားခင် လက်ဆေးပါ။
မျက်နှာကို လက်နဲ့ မကိုင်ပါနဲ့။
လူစူလူဝေး ရှောင်ပါ။
အပြင်သွားရင် မတ်ခ် တပ်ပါ။
အာဟာရ ပြည့်ဝအောင် စားပါ။
ရေဓာတ် ပြည့်ဝဖို့ ဂရုပြုပါ။
ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
အိပ်ရေးဝဝ အိပ်ပါ။
လူတစ်ဦးနဲ့တစ်ဦး ၆ ပေခွာ နေပါ။ ဆိုတဲ့ အချက်တွေကိုပဲ လိုက်နာပါလို့ ပြောပါရစေ။
ကိုးကား - https://hellosayarwon.com/

  • Download - MMAPKNEWRO
  • Please Select Embedded Mode To Show The Comment System.*

    Previous Post Next Post

    Random Posts

    Recent in Player