ဒီ Application လေးက ဘာအတွက်လဲဆိုရင် ကျနော်တို့ နေ့စဉ်အသုံးပြုတဲ့ အသုံးစာရင်းတွေကိုမှတ်ထားပေးနိုင်တဲ့ Application လေးပါ။
ဒီ Application ကိုဘာကြောင့်သုံးသင့်သလဲဆိုရင် ကျနော်တို့ နေ့စဉ်သုံးပြုလိုက်တဲ့ငွေတွေ ဘယ်လောက်ရှိသွားပြီလဲ ဘယ်ကဏ္ဍမှာ ဘယ်လောက် တောင်သုံးမိနေလဲဆိုပြီး အချိန်မရွေးနေရာမရွေး ပြန်ကြည့်လို့ရပါတယ်။
ဒီ App ရဲ့ထူးခြားချက်က Content တော်တော်များများကို မြန်မာလိုလုပ်ပေးထားတဲ့အတွက် ဖတ်ရရှုရလဲအဆင်ပြေမှာ။ တစ်ချို့ နိုင်ငံခြား Apps တွေဆိုရင် မြန်မာလို အကြောင်းအရာတွေက သိပ်ပြီးနားလည်မှုမရှိဘူး။ ဒါပေမဲ့ ဒီ Application မှာတော့ အဲလိုမျိုးတွေမရှိပါဘူး။ မြန်မာက Developer တစ်ယောက်ကဖန်တီးထားတဲ့အတွက် မြန်မာစာကို ဖတ်ရတာအဆင်ပြေမှာပါ။
ဒီ Apps ရဲ့နောက်ထပ်အားသာချက်တစ်ခုက အသုံးစာရင်းတွေ မှတ်နေရင်းနဲ့ Phone ပျောက်သွားတာပဲဖြစ်ဖြစ် Phone ပျတ်သွားတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ စာရင်းဇယား တွေဆုံးရှုံးရမှာ ပူစရာမလိုပါဘူး။ Apps ထဲမှာ Google Account ကို Login ဝင်ထားရုံနဲ့ စာရင်းဇယားအကုန်လုံးကို Cloud ပေါ်တင်ပြီး Restore ပြန်ခေါ်ရုံနဲ့ စာရင်းဇယားအားလုံးကို ပြန်ရနိုင်မှာပါ။ (အကောင့်မဝင်ထားမိဘူးဆိုရင်တော့မရနိုင်ဘူးပေါ့။)
ကိုယ်က ဖုန်းကို အလွယ်တကူပစ်ထားတက်သူဖြစ်ပြီး မိမိ ရဲ့စာရင်းတွေကို သူများဝင်ကြည့်မှာလဲကြောက်တယ်ဆိုရင်တော့ ဒီ Apps ထဲမှာပါတဲ့ Function တစ်ခုဖြစ်တဲ့ Password နဲ့ Lock ခံထားလို့ရပါတယ်။ ဒါဆိုရင် မိမိရဲ့စာရင်းဇယားတွေလဲလုံခြုံရပြီပေါ့။
Application ရဲ့ ဆိုဒ်ပမာဏကလဲ အများကြီးမဟုတ်ပါဘူး။ 2MB ကျော်လေးပဲရှိတယ်ဆိုတော့ တကယ်ကြီး ပေါ့ပါးလွန်းတဲ့ Application တစ်ခုပါ။
သုံးခဲ့တဲ့ စာရင်းတွေကိုလဲ တစ်နေ့ချင်းဆိုရင် Pie Chart နဲ့ကြည့်နိုင်ပြီး Monthly Report, Weekly Report တွေပြန်ကြည့်ရင် Bar Chart နဲ့ပြန်ကြည့်လို့ရပါတယ်။
ကိုယ့်ရဲ့သုံးငွေစာရင်းတွေကြီးမှတ်လို့ရတာမဟုတ်ပါဘူး။ ဝင်ငွေစာရင်းတွေလဲမှတ်လို့ရပါတယ်။ ဝင်ငွေစာရင်းရှိရင်တော့ Monthly, Weekly Report မှာ အမျိုးအစားခွဲပြီးကြည့်လို့ရပါတယ်။
ကဲစမ်းသုံးချင်ရင်တော့ း ဒေါင်းလုဒ်ဆွဲပြီးအသုံးပြုနိုင်ပါတယ်။
APK Download - https://bit.ly/3Clglr5
အဆင်ပြေပါစေ။
Posts တင်ပေးသူ - Mg Zin Myo
ကျွန်နော်တို့ရဲ့ ထဲကို Join ဝင်ရောက်ချင်ရင် အောက်ကလင့်မှာ ဝင်သွားနိုင်ပါတယ်။
Join Telegram - https://t.me/Teachingandapks








