ကိုဗစ် ကာကွယ်ဆေး ထိုးပြီးတဲ့အခါ side effect ခံစားရခြင်း၊ မခံစားရခြင်းဆိုတာ

ကိုဗစ် ကာကွယ်ဆေး ထိုးပြီးတဲ့အခါ side effect ခံစားရခြင်း၊ မခံစားရခြင်းဆိုတာ

ကာကွယ်ဆေး ထိုးပြီးတဲ့အခါ အချို့တွေမှာ ဖျားတာ၊ ကိုယ်နွေးတာ၊ ခြေလက်တွေ ကိုက်ခဲတာလိုမျိုး side effect လေးတွေကို ခံစားကြရပြီး  အချို့တွေမှာတော့ ဘာထူးထူးခြားခြား လက္ခဏာမှ မခံစားရတာမျိုးတွေ ရှိပါတယ်။ ဒါက ဘာကြောင့်လဲ။ ဘယ်လိုတွေ ကွာခြားလဲဆိုတာကို သိချင်နေမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

ကာကွယ်ဆေးရဲ့ side effect ကို ဘာကြောင့် လူတိုင်း မခံစားရတာလဲ…….

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးက သေချာစမ်းသပ်လေ့လာမှုတွေ လုပ်ဆောင်ပြီးမှ ထုတ်လုပ်ထားတာပါ။ ရောဂါကို ကာကွယ်ဖို့နဲ့ ကူးစက်ခဲ့ရင်တောင် ပြင်းပြင်းထန်ထန် မခံစားရစေဖို့ ရည်ရွယ်ပြီး ထုတ်ထားတာပါ။ ကာကွယ်ဆေးဆိုတဲ့ သဘောကတော့ ဆေးထိုးပြီးတဲ့အခါ side effectအနည်းအကျဉ်းကို ခံစားရစမြဲပါ။

လူတွေရဲ့ ခန္ဓာကိုယ်က တုံ့ပြန်မှုကို လိုက်ပြီးတော့ ခံစားရတဲ့ လက္ခဏာတွေကတော့ ကွာခြားနိုင်ပါတယ်။ အချို့မှာ တော်တော်လေး ပြင်းထန်နိုင်ပြီး အချို့မှာတော့ သိပ်မပြင်းထန်တာမျိုး ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ကာကွယ်ဆေး ထိုးပေမယ့် ထူးထူးခြားခြား လက္ခဏာ တစ်ခုတလေတောင် မခံစားရသူတွေလည်း ရှိနိုင်ပါတယ်။

အဓိကကတော့ ကိုယ်ခံအားတုံ့ပြန်မှု ကွာခြားတာကြောင့်ပါ။

ကာကွယ်ဆေးထိုးပြီး side effectခံစားရတာ ပုံမှန်ပဲလား………

ကာကွယ်ဆေး ထိုးပြီး side effectခံစားရတယ်ဆိုတာ ခန္ဓာကိုယ်က ပြင်ပက ဝင်ရောက်လာတဲ့ antigen တွေနဲ့ ထိတွေ့မှုဖြစ်ပြီး တုံ့ပြန်မှု ဖြစ်လာတာပါ။ ကာကွယ်ဆေးကို ကိုယ်ခံအား တုံ့ပြန်တဲ့ သဘောပါ။ ဒါကြောင့်လည်း ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဖျားတာ၊ ပင်ပန်းသလို ခံစားရတာ၊ ခြေကုန်လက်ပမ်းကျတာ၊ ကြွက်သားတွေနာတာ၊ ကိုယ်လက်တွေ ကိုက်ခဲတာ၊ ချမ်းတုန်တာတွေကို ခံစားရတာပါ။

ကာကွယ်ဆေးအပေါ် ခန္ဓာကိုယ်က တုံ့ပြန်တဲ့ အတိုင်းအတာပေါ် မူတည်ပြီး ရောင်ရမ်းတာမျိုးတွေပါ ခံစားရတာမျိုး ရှိနိုင်ပါတယ်။ ဒီအခြေအနေတွေက ကာကွယ်ဆေးထိုးပြီးချိန်မှာ ကြုံတွေ့ရမယ့် ပုံမှန် အခြေအနေတစ်ရပ်ပါ။

ကာကွယ်ဆေးရဲ့ Side effectကို ခံစားရတာက ဘာကြောင့် တစ်ဦးနဲ့တစ်ဦး မတူရတာလဲ…….

ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဆေးရဲ့ side effectကို လူတိုင်း အနည်းနဲ့အများ ခံစားကြရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့။ ကာကွယ်ဆေးကတော့ တူပေမယ့် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုက ကွာခြားတာကြောင့် ကာကွယ်ဆေးရဲ့ side effectကို ခံစားရတာခြင်း မတူကြပါဘူး။

လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ခံအားက ကာကွယ်ဆေးမှာပါတဲ့ antigen ပေါ်တုံ့ပြန်ပုံ ကွာခြားတာကြောင့် ခံစားရတဲ့ side effect ကလည်း မတူတာပါ။ ကာကွယ်ဆေး အစောပိုင်း စမ်းသပ်ချက်တွေအရတော့ ကာကွယ်ဆေးထိုးနှံသူ ၅၀ ရာခိုင်နှုန်းကျော်ဟာ side effectတစ်စုံတစ်ခုမှ ခံစားရတာမျိုး မရှိပါဘူး။

အသက်အရွယ်၊ ကျား/မ ကွာခြားချက်၊ ကိုယ်ခံအားတုံ့ပြန်မှု၊ အရောင်ကျဆေးတွေ သောက်နေရသလားဆိုတဲ့အချက်တွေပေါ် မူတည်ပြီး ခံစားရတဲ့ ကာကွယ်ဆေးရဲ့ side effectတွေက ကွာခြားနိုင်ပါတယ်။

ဘာကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် side effect ကို ပိုခံစားရတာလဲ………

စစ်တမ်းတွေအရ ကာကွယ်ဆေးတွေ ကျား/မ ကွာခြားမှုကို လိုက်ပြီး တုံ့ပြန်ပုံခြင်း ကွာခြားနိုင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ကာကွယ်ဆေးရဲ့ side effectကို ပိုမိုပြင်းထန်စွာ ခံစားကြရပါတယ်။

အကြောင်းကတော့ ကိုယ်ခံအားစနစ်မှာ ပါဝင်ဖွဲ့စည်းထားတဲ့ ဟော်မုန်းတွေရဲ့ ကွာခြားမှုနဲ့ တုံ့ပြန်ပုံ ကွာခြားတာကြောင့်ပါ။ အီစထရိုဂျင် ဟော်မုန်း ပိုမြင့်လေလေ ကာကွယ်ဆေးကြောင့် ရောင်ရမ်းမှုကို ခံစားရနိုင်ခြေ များလေလေ ဖြစ်သလို side effectခံစားရတဲ့ ကာလ ကြာလေလေပါ။

ဒါကြောင့် လေဒီလေးတွေက အမျိုးသားတွေထက် ကာကွယ်ဆေးရဲ့ side effectကို ပိုခံစားကြရတာပါ။

ကာကွယ်ဆေးထိုးပြီးချိန် ဘာမှ မခံစားရတာက ဆေးမအောင်တာလား…….

ကာကွယ်ဆေးထိုးပြီးချိန်မှာ ဖျားတာ၊ ကိုက်ခဲတာတွေက ကာကွယ်ဆေးကို ကိုယ်ခံအားက တုံ့ပြန်တာကြောင့် ဖြစ်တာဆိုတော့ ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဘာလက္ခဏာ တစ်စုံတရာမှ မခံစားရတာက ဆေးမအောင်တာလားဆိုပြီး စိုးရိမ်စရာ ရှိနိုင်ပါတယ်။

တကယ်ကတော့ မဟုတ်ပါဘူး။ ကာကွယ်ဆေးကို ကိုယ်ခံအားက မတုံ့ပြန်တာ၊ မသိရှိတာမျိုး မဟုတ်ပါဘူး။


ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဘာမှ မခံစားရပေမယ့်လည်း ကာကွယ်ဆေးက ခန္ဓာကိုယ်ထဲ ရောက်ရှိသွားချိန်မှာ ကိုယ်ခံအားကလည်း သိသလို ကာကွယ်ဆေးက ခန္ဓာကိုယ်ကို ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ အကောင်းဆုံး လုပ်ဆောင် ပါလိမ့်မယ်။

ဒါကြောင့် ဆေးအောင် မအောင်ကို ကာကွယ်ဆေးထိုးပြီး side effectsခံစားရခြင်း ရှိမရှိနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ Antibody စစ်ပြီးမှပဲ သိနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။


အသစ်ပြန်လည် ပြုပြင်ထားသော APK ကို ဒေါင်းယူလိုက်ပါ

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Random Posts

Recent in Player