တော်လှန်ရေးမှာ လိင်မှုဆိုင်ရာ အတွေးအမြင်တွေပါ ပြောင်းလဲပစ်ကြ


တော်လှန်ရေးမှာ လိင်မှုဆိုင်ရာ အတွေးအမြင်တွေပါ ပြောင်းလဲပစ်ကြ
နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ပြုတ်ကျရေး တခုတည်းကို ရည်ရွယ်မထားသင့်ပါဘူး။ နိုင်ငံရေး လူမှုရေးနဲ့ စီးပွားရေး ကဏ္ဍတိုင်းက မတရားမှုတွေ ရှေးရိုးစွဲ အယူသီးမှုတွေ ဖိနှိပ်မှုတွေ အားလုံးကို အမြစ်ကတော်လှန်ပြီး ခေတ်သစ်တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

အဲ့ဒီအထဲမှာ လိင်မှုဆိုင်ရာ အတွေးအမြင်တွေလည်း ပါဝင်သင့်ပါတယ်။ လိင်စိတ်ဖြစ်တည်မှု ကျားမဖြစ်တည်မှုတင် မကဘဲ လိင်ကိစ္စဆိုင်ရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ကိုလည်း တပါတည်း တော်လှန်ပစ်ရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ လိင်စိတ်ဆိုတာဟာ လူသားရုပ်ဘဝနဲ့ ခွဲထုတ်လို့ မရသလို စိတ်ဘဝဖြစ်တည်မှုမှာလည်း အရေးကြီးတဲ့ အစိတ်အပိုင်း တရပ်ဖြစ်လို့ပါပဲ။

လိင်ကိစ္စဆိုင်ရာ ယဉ်ကျေးမှုကို ဖိနှိပ်ခြင်း ဖုံးကွယ် ဟန်ဆောင်ခြင်း ရွံရှာရှက်ရွံ့ဖွယ် ကိစ္စအဖြစ် ပုံဖော်ခြင်း ညစ်ညမ်းမှု အဖြစ် သတ်မှတ်ခြင်းတွေကိုက ကျနော်တို့ရဲ့ လူသား ဖြစ်တည်မှု အတွက် မွေးဖွားချိန်ကစ သေသည်အထိ ဘဝတလျှောက်လုံး အရေးပါတဲ့ ရုပ်ပိုင်း စိတ်ပိုင်း ဖြစ်တည်မှုတရပ်ကို သိမ်ငယ် နိမ့်ပါးစေပါတယ်။

ကိုယ့်ဘဝရဲ့ အဓိကကျတဲ့ လိင်ကိစ္စဆိုင်ရာ ရုပ်ပိုင်း စိတ်ပိုင်း ဖြစ်တည်မှုကို ပွင့်လင်းလွတ်လပ်စွာ ကျင့်သုံးခွင့် ဖော်ထုတ်ခွင့် တန်ဖိုးထားခွင့် မရတဲ့အခါ ဘဝဟာ တရားမျှတပါ ဦးမလား။ ကိုယ့်ဘဝကိုယ် ယုံကြည်မှု ရှိနိုင်ပါဦးမလား။ လိင်စိတ် မကျေနပ်မှုကနေ ဖြစ်လာတဲ့ သိမ်ငယ်စိတ် အငုံ့စိတ်တွေကရော လူ့အဖွဲ့အစည်းကို အကျိုးပြု ပါဦးမလား။

ဒီရက်ပိုင်းမှာ သိရတဲ့ ဖြစ်စဉ် တခုနဲ့ ဖတ်လိုက်ရတဲ့ ပို့စ်တခုရယ် ကျနော့်ရဲ့ အတွေးတချို့ရယ်ကို ဆက်စပ်ပြီးတော့ တင်ပြချင်ပါတယ်။

သိရတဲ့ ဖြစ်စဉ်ကတော့ တော်လှန်ရေး ရဲဘော်တချို့ရဲ့ ပုန်းအောင်းရာ နေရာတခုကို သူတို့စွန့်ခွာ ပြီးချိန်မှာ သွားရောက် ရှင်းလင်း ပေးရသူတဦးက ပြောပြတာပါ။ အဲ့ဒီ နေရာကို သူသွားရှင်းတော့ ပဋိသန္ဓေ တားဆေး သုံးလက်စ တကတ်ရယ်၊ sex toy တခုရယ် တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ သူက အဲဒါတွေကို တွေ့တဲ့အခါ အချက် ၂ ခုကို စိုးရိမ်တယ်လို့ ပြောပါတယ်။ တချက်ကတော့ မတော်လို့များ ရဲဘော်တွေရဲ့ ပုန်းခိုရာတွေကို စစ်တပ်က ဝင်စီးရင်း ဒါတွေတွေ့ခဲ့ရင် တော်လှန်ရေး သမားတွေကို သိက္ခာချမှာ စိုးရိမ်တာပါ။ နောက်တချက်ကတော့ တားဆေးကတ်ကျန်ခဲ့သူ မိန်းကလေး အနေနဲ့ နောက်တနေရာမှာ ဆက်သောက်စရာ ဆေးမရှိမှာကို စိုးရိမ်တာပါ။

ဒီနေရာမှာ ပထမ စိုးရိမ်ချက်ကို စဉ်းစားကြရအောင်။

စစ်တပ်က တော်လှန်ရေးသမားတွေကို ဖမ်းဆီးချိန်မှာ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေ ပစ္စည်းတွေနဲ့ သိက္ခာချလာခဲ့ရင် ကျနော်တို့ ပြည်သူတွေ အနေနဲ့ ဘယ်လိုသဘောထား ကြမလဲ။ ဘယ်လိုတုန့်ပြန်မလဲ။ အများဆုံး ဖြစ်နိုင်ချေကတော့ ဒါဟာ စစ်တပ်က တမင် လုပ်ကြံတာ သိက္ခာချဖို့ ဇာတ်လမ်း ထွင်တာ စတဲ့ နည်းတွေနဲ့ တုန့်ပြန်မယ် ထင်ပါတယ်။ ဒါ ဘာကြောင့်ပါလဲ။

ပြည်သူအများစု ကိုယ်တိုင်ကိုက မိန်းကလေးတွေ တားဆေး ဆောင်တာ ကွန်ဒုံးဆောင်တာ sex toy တွေသုံးတာကို ရှက်စရာ သိက္ခာကျစရာလို့ လက်ခံထားလို့ ဖြစ်ပါတယ်။ ဒါကို ဖြေရှင်းဖို့ မှန်ကန်တဲ့ နည်းလမ်းကတော့ ရုပ်ပိုင်းဆိုင်ရာအရ အရွယ်ရောက်ပြီးဖြစ်တဲ့ လူသားတိုင်းဟာ ကျား မ မရွေး လိင်စိတ်ဆန္ဒ ဖြစ်ပေါ်တတ်ပြီး ဒါကို ခံစားခြင်း အာသာဖြေခြင်းဟာ ကောင်းမွန်တဲ့ကိစ္စ အဖြစ် မြင်တတ်ဖို့ပါပဲ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ကိုယ် လိင်အရသာ ခံစားတာဟာ ရှက်စရာ မဟုတ်ပါဘူး။ အခြားသူတွေနဲ့ အတူတူ အပြန်အလှန် ခံစားကြတာ ဟာလည်း ရှက်စရာ မဟုတ်ပါဘူး။ လိင်ကိစ္စ အတူခံစားကြသူချင်း သဘောတူ ကြည်ဖြူပြီး အပေးအယူမျှနေရင် ဒါဟာ ကဲ့ရဲ့ ပြစ်တင်စရာ မဟုတ်သလို သိက္ခာကျ တယ်လို့ မြင်စရာ အကြောင်းကို မရှိပါဘူး။ ကျနော်တို့ လူ့အဖွဲ့အစည်း အနေနဲ့ ဒါကို ရှင်းရှင်း နားလည်ထားရင် ဘယ်သူက ဘယ်သူ့ကိုမှ သူ့ရဲ့ လိင်ကိစ္စအတွက် သိက္ခာချလို့ မရတော့ပါဘူး။

နောက်တချက်ဖြစ်တဲ့ ကိုယ်ဝန်တားဆေး ကိစ္စမှာတော့ တော်လှန်ရေးသမားတွေဟာလည်း သွေးနဲ့သားနဲ့ လူသားတွေပဲမို့ လိင်ကိစ္စကို ရှောင်မရပါဘူး။ ဒီတော့ ပြေးပုန်း ရှောင်လွှားနေရချိန်မှာ နောက်ဆက်တွဲ ကိစ္စတွေ အတွက် ပြင်ဆင်မှု ရှိဖို့လိုအပ်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေ အနေနဲ့ ဒီကာလမှာ ကိုယ်ဝန်ရှိခဲ့ရင် အတော်ကြီး ခက်ခဲပါလိမ့်မယ်။ လင်မယား ဖြစ်ပြီးလို့ အတည်ယူမယ့်သူနဲ့ ကိုယ်ဝန်ရခဲ့ရင်တောင် အခြေအနေအရ ရပ်တည် ရှင်သန်ရေးမှာ အများကြီး ပိုခက်သွားမှာပါ။

ဒါကြောင့်မို့ အရွယ်ရောက်ပြီးသား မိန်းကလေး တဦးအနေနဲ့ ကိုယ်ဝန် တားဆေး ကွန်ဒုံး စတာတွေ ဆောင်ထားတာဟာ လုပ်သင့်တဲ့ ကိစ္စပါပဲ။ မိန်းကလေးတင်မကဘဲ ယောက်ျားလေး တွေဟာလည်း ကွန်ဒုံးနဲ့ အရေးပေါ် တားဆေး ဆောင်ထားတာဟာ လုပ်သင့်တဲ့ ကိစ္စပါပဲ။ ပျော်လိုက်ဖို့က အဓိက နောက်ဆက်တွဲက သူ့ကိစ္စလို့ တကိုယ်ကောင်းဆန်လို့ မရပါဘူး။

အဓိက အချက်ကတော့ ကိုယ်ဝန်တားဆေး ကွန်ဒုံး စတာတွေ ဆောင်ထားတတ်ခြင်းဟာ ရှက်စရာ သိက္ခာကျစရာ မဟုတ်ဘဲ လိင်ကျန်းမာရေး ဆိုင်ရာ အသိပညာ မြင့်မားမှုရဲ့ လက္ခဏာ တရပ်ဖြစ်တာမို့ ဂုဏ်ယူစရာတောင် ဖြစ်တယ် ဆိုတာ သိထားဖို့ပါပဲ။

ဒီရက်ပိုင်း ဖတ်လိုက်ရတဲ့ ဆောင်းပါးတစောင်မှာ ရေးတာက လူတချို့ရဲ့ လိင်ဆက်ဆံချိန် ရိုက်ကူးထားတဲ့ HD လို့ ခေါ်တဲ့ ဗွီဒီယိုတွေနဲ့ အရှက်ခွဲ တိုက်ခိုက်မှုပါပဲ။ ဒီနည်းလမ်းကို တော်လှန်ရေး အစကာလတုန်းက စစ်တပ်ဘက်က ဆက်စပ်သူ အမျိုးသမီးတချို့ အပေါ် ပစ်မှတ်ထား လုပ်ဆောင်ခဲ့ကြတာ တွေ့ရဖူးပါတယ်။ ကျနော်ဖတ်လိုက်ရတဲ့ ဆိုရှယ်မီဒီယာ ပိုစ့်မှာ ရေးထားတာကတော့ ဒီလို ဗွီဒီယိုတွေ တွေ့လိုက်ရရင် “ဟာ ရှက်စရာကြီး၊ အရှက်မဲ့လိုက်တာ”လို့ ကဲ့ရဲ့ ပြစ်တင်ကြမယ့် အစား ကောင်မလေးကဖြစ်စေ ကောင်လေးကဖြစ်စေ လှလိုက်တာ၊ ကျွမ်းလိုက်တာ၊ ပျော်စရာကောင်းလိုက်တာ၊ သိုင်းကွက်တွေ မိုက်လိုက်တာလို့ မြင်ပေး တွေးပေးတတ်ကြရင် အရှက်ခွဲလို့ မရတော့ဘူး ဆိုတာပါပဲ။ သူတွေးပုံက တကယ်မှန်ပါတယ်။ လူတွေပဲ လိင်ဆက်ဆံ ကြတာ ဘာဆန်းလို့လဲ၊ အဲ့လို ဆက်ဆံမှုကို မှတ်တမ်းတင်ထားလို့ တခြားသူတွေက တွေ့ရမြင်ရတော့ရော ဒါဟာ ဘာများ ထူးပြီး ရှက်စရာ သိက္ခာကျစရာ ဖြစ်ရမှာတဲ့လဲ။ ကျနော်တို့ လူသား အားလုံး ကိုယ်တိုင်လည်း လိင်ဆက်ဆံကြပြီး လူဖြစ်တာတာကလည်း အမေနဲ့အဖေနဲ့ ဖောင်းဒိုင်းလုပ်ကြ၊ ဒချိကြ၊ လိင်ဆက်ဆံခဲ့ကြလို့ မလား။

ဒါကြောင့် လိင်ကိစ္စဟာ private ပုဂ္ဂိုလ်ရေး ကိစ္စမို့လို့ ကိုယ်နဲ့မဆိုင်ရင်၊ မစပ်စုသင့် မဖော်ထုတ်သင့်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အများသိ ဖြစ်လာရင်လည်း သက်ဆိုင်သူတွေကို မကဲ့ရဲ့ မရှုတ်ချဘဲ ဒါဟာ သဘာဝဖြစ်စဉ် တခုလို့ပဲ နားလည် ရှုမြင်ပေးသင့်ပါတယ်။ ဒါဆိုရင် လူတွေကို HD တွေနဲ့ အရှက်ခွဲလို့ မထိခိုက်နိုင်တော့သလို ရည်ရွယ် တိုက်ခိုက်ခံရသူတွေဘက်ကနေ “ငါတို့ အားလုံး တူတူတွေပဲ၊ ဘာမှ မရှက်နဲ့ အားမငယ်နဲ့”လို့ စာနာ ရပ်တည်ပေးရာလည်း ရောက်သွားပါလိမ့်မယ်။ ဒါကို သိက္ခာချစရာ တိုက်ခိုက်စရာ လက်နက်တခု အနေနဲ့ ရည်ရွယ်ဖြန့်ချိသူတွေသာ တကယ်တမ်း ရှက်ရမှာ၊ စည်းဖောက်သူ ဖြစ်တယ်ဆိုတာလည်း တပါတည်း ဖော်ပြပြီးသား ဖြစ်သွားပါလိမ့်မယ်။

နိဂုံးချုပ် ရရင်တော့ ကျနော်တို့ အားလုံးဟာ လိင်ဆက်ဆံမှုကြောင့် မွေးဖွားလာကြတဲ့ လူသားတွေပါ။ လိင်မှုကိစ္စဟာ ရှက်စရာ ရွံစရာ ညစ်ညမ်းတဲ့ ကိစ္စမဟုတ်ပါ။ လူ့ဘဝမှာ စိတ်ရောရုပ်ပါ ကျေနပ်ပျော်ရွှင်မှု ပေးနိုင်ပြီး အလိုရှိရင် လူသားမျိုးဆက်တွေပါ ပွားများပေးနိုင်တဲ့ အင်မတန် ဂုဏ်ယူစရာ ကိစ္စပါ။ ဒါကြောင့် တော်လှန်ရေး သမားဖြစ်စေ၊ စစ်သား ရဲသား ဖြစ်စေ လိင်ဆက်ဆံကြတာ ကဲ့ရဲ့ ပြစ်တင် သိက္ခာချစရာ မဟုတ်ပါ။ လူ့ယဉ်ကျေးမှုက လက်မခံနိုင်တဲ့ တဖက်သား သဘောမတူတဲ့ အဓမ္မ ဖြားယောင်း သွေးဆောင် လိင်အမြတ်ထုတ်တာဖြစ်ဖြစ် မုဒိန်းမှု ကျူးလွန်တာဖြစ်ဖြစ် အဲဒါတွေကလွဲ လိင်ကိစ္စကို မူတည်ပြီး သိက္ခာချတာဟာ ယဉ်ကျေးမှုမြင့်တဲ့ လူသားတယောက်ရဲ့ လုပ်ရပ်မဟုတ်ဘဲ အောက်တန်းကျခြင်းသာ ဖြစ်ကြောင်း နားလည်ပေးကြပါ။

တော်လှန်ရေး ကာလကြီးထဲမှာလည်း ချစ်ကြ ကြင်နာကြရင်း လူသားဆန်စွာပဲ ဖြတ်သန်းကြပါ။ ကျန်းမာရေးနဲ့ မျိုးဆက်ပွားဆိုင်ရာ ကိစ္စတွေကိုတော့ စနစ်တကျ ပြင်ဆင် ကာကွယ်ကြပါလို့ နှိုးဆော်ရင်း နွေဦးတော်လှန်ရေးနဲ့အတူ အရိုးစွဲနေတဲ့ လိင်ယဉ်ကျေးမှု အဆွေးအဟောင်းကြီးကိုပါ တပါတည်း တိုက်ဖျက် တော်လှန်ပစ်ကြဖို့ တပ်လှန့် လိုက်ပါရစေ။

တခုတော့ ရှိပါတယ် မည်သည့် လိင်ကိစ္စမဆို ဥပဒေအရ အရွယ်ရောက်ပြီးသူချင်းပဲ ဖြစ်ရပါမယ်။ ဆက်ဆံသူချင်း သဘောတူ ကြည်ဖြူရပါမယ်။ ဒါတွေကတော့ ဘယ်တော့မှ မချိုးဖောက်ရမယ့် သံမဏိ စည်းကမ်းတွေ ဖြစ်ပါတယ်…

စိတ်ရော ကိုယ်ပါ ချစ်ခြင်း မေတ္တာတွေနဲ့ တော်လှန်ရေး ခရီးဆက်နိုင် ကြပါစေ။

(မိုးဃ်သွေးသည် လူအခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး Generation Wave အဖွဲ့ကို တည်ထောင်သူတဦးလည်း ဖြစ်သည်။)

 

Credit
----------------------------------



 

ေတာ္လွန္ေရးမွာ လိင္မႈဆိုင္ရာ အေတြးအျမင္ေတြပါ ေျပာင္းလဲပစ္ၾက

ေႏြဦးေတာ္လွန္ေရးဟာ စစ္အာဏာရွင္ျပဳတ္က်ေရး တခုတည္းကို ရည္႐ြယ္မထားသင့္ပါဘူး။ နိုင္ငံေရး လူမႈေရးနဲ႕ စီးပြားေရး က႑တိုင္းက မတရားမႈေတြ ေရွးရိုးစြဲ အယူသီးမႈေတြ ဖိႏွိပ္မႈေတြ အားလုံးကို အျမစ္ကေတာ္လွန္ၿပီး ေခတ္သစ္တည္ေဆာက္ၾကရမွာ ျဖစ္ပါတယ္။

အဲ့ဒီအထဲမွာ လိင္မႈဆိုင္ရာ အေတြးအျမင္ေတြလည္း ပါဝင္သင့္ပါတယ္။ လိင္စိတ္ျဖစ္တည္မႈ က်ားမျဖစ္တည္မႈတင္ မကဘဲ လိင္ကိစၥဆိုင္ရာ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းေတြ ကိုလည္း တပါတည္း ေတာ္လွန္ပစ္ရပါမယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ လိင္စိတ္ဆိုတာဟာ လူသား႐ုပ္ဘဝနဲ႕ ခြဲထုတ္လို႔ မရသလို စိတ္ဘဝျဖစ္တည္မႈမွာလည္း အေရးႀကီးတဲ့ အစိတ္အပိုင္း တရပ္ျဖစ္လို႔ပါပဲ။

လိင္ကိစၥဆိုင္ရာ ယဥ္ေက်းမႈကို ဖိႏွိပ္ျခင္း ဖုံးကြယ္ ဟန္ေဆာင္ျခင္း ႐ြံရွာရွက္႐ြံ႕ဖြယ္ ကိစၥအျဖစ္ ပုံေဖာ္ျခင္း ညစ္ညမ္းမႈ အျဖစ္ သတ္မွတ္ျခင္းေတြကိုက က်ေနာ္တို႔ရဲ႕ လူသား ျဖစ္တည္မႈ အတြက္ ေမြးဖြားခ်ိန္ကစ ေသသည္အထိ ဘဝတေလွ်ာက္လုံး အေရးပါတဲ့ ႐ုပ္ပိုင္း စိတ္ပိုင္း ျဖစ္တည္မႈတရပ္ကို သိမ္ငယ္ နိမ့္ပါးေစပါတယ္။

ကိုယ့္ဘဝရဲ႕ အဓိကက်တဲ့ လိင္ကိစၥဆိုင္ရာ ႐ုပ္ပိုင္း စိတ္ပိုင္း ျဖစ္တည္မႈကို ပြင့္လင္းလြတ္လပ္စြာ က်င့္သုံးခြင့္ ေဖာ္ထုတ္ခြင့္ တန္ဖိုးထားခြင့္ မရတဲ့အခါ ဘဝဟာ တရားမွ်တပါ ဦးမလား။ ကိုယ့္ဘဝကိုယ္ ယုံၾကည္မႈ ရွိနိုင္ပါဦးမလား။ လိင္စိတ္ မေက်နပ္မႈကေန ျဖစ္လာတဲ့ သိမ္ငယ္စိတ္ အငုံ႕စိတ္ေတြကေရာ လူ႕အဖြဲ႕အစည္းကို အက်ိဳးျပဳ ပါဦးမလား။

ဒီရက္ပိုင္းမွာ သိရတဲ့ ျဖစ္စဥ္ တခုနဲ႕ ဖတ္လိုက္ရတဲ့ ပို႔စ္တခုရယ္ က်ေနာ့္ရဲ႕ အေတြးတခ်ိဳ႕ရယ္ကို ဆက္စပ္ၿပီးေတာ့ တင္ျပခ်င္ပါတယ္။

သိရတဲ့ ျဖစ္စဥ္ကေတာ့ ေတာ္လွန္ေရး ရဲေဘာ္တခ်ိဳ႕ရဲ႕ ပုန္းေအာင္းရာ ေနရာတခုကို သူတို႔စြန့္ခြာ ၿပီးခ်ိန္မွာ သြားေရာက္ ရွင္းလင္း ေပးရသူတဦးက ေျပာျပတာပါ။ အဲ့ဒီ ေနရာကို သူသြားရွင္းေတာ့ ပဋိသေႏၶ တားေဆး သုံးလက္စ တကတ္ရယ္၊ sex toy တခုရယ္ ေတြ႕ခဲ့တယ္လို႔ ဆိုပါတယ္။ သူက အဲဒါေတြကို ေတြ႕တဲ့အခါ အခ်က္ ၂ ခုကို စိုးရိမ္တယ္လို႔ ေျပာပါတယ္။ တခ်က္ကေတာ့ မေတာ္လို႔မ်ား ရဲေဘာ္ေတြရဲ႕ ပုန္းခိုရာေတြကို စစ္တပ္က ဝင္စီးရင္း ဒါေတြေတြ႕ခဲ့ရင္ ေတာ္လွန္ေရး သမားေတြကို သိကၡာခ်မွာ စိုးရိမ္တာပါ။ ေနာက္တခ်က္ကေတာ့ တားေဆးကတ္က်န္ခဲ့သူ မိန္းကေလး အေနနဲ႕ ေနာက္တေနရာမွာ ဆက္ေသာက္စရာ ေဆးမရွိမွာကို စိုးရိမ္တာပါ။

ဒီေနရာမွာ ပထမ စိုးရိမ္ခ်က္ကို စဥ္းစားၾကရေအာင္။

စစ္တပ္က ေတာ္လွန္ေရးသမားေတြကို ဖမ္းဆီးခ်ိန္မွာ လိင္ပိုင္းဆိုင္ရာ ကိစၥေတြ ပစၥည္းေတြနဲ႕ သိကၡာခ်လာခဲ့ရင္ က်ေနာ္တို႔ ျပည္သူေတြ အေနနဲ႕ ဘယ္လိုသေဘာထား ၾကမလဲ။ ဘယ္လိုတုန့္ျပန္မလဲ။ အမ်ားဆုံး ျဖစ္နိုင္ေခ်ကေတာ့ ဒါဟာ စစ္တပ္က တမင္ လုပ္ႀကံတာ သိကၡာခ်ဖိဳ႕ ဇာတ္လမ္း ထြင္တာ စတဲ့ နည္းေတြနဲ႕ တုန့္ျပန္မယ္ ထင္ပါတယ္။ ဒါ ဘာေၾကာင့္ပါလဲ။

ျပည္သူအမ်ားစု ကိုယ္တိုင္ကိုက မိန္းကေလးေတြ တားေဆး ေဆာင္တာ ကြန္ဒုံးေဆာင္တာ sex toy ေတြသုံးတာကို ရွက္စရာ သိကၡာက်စရာလို႔ လက္ခံထားလို႔ ျဖစ္ပါတယ္။ ဒါကို ေျဖရွင္းဖို႔ မွန္ကန္တဲ့ နည္းလမ္းကေတာ့ ႐ုပ္ပိုင္းဆိုင္ရာအရ အ႐ြယ္ေရာက္ၿပီးျဖစ္တဲ့ လူသားတိုင္းဟာ က်ား မ မေ႐ြး လိင္စိတ္ဆႏၵ ျဖစ္ေပၚတတ္ၿပီး ဒါကို ခံစားျခင္း အာသာေျဖျခင္းဟာ ေကာင္းမြန္တဲ့ကိစၥ အျဖစ္ ျမင္တတ္ဖို႔ပါပဲ။ ကိုယ့္ရဲ႕ ခႏၶာကိုယ္နဲ႕ကိုယ္ လိင္အရသာ ခံစားတာဟာ ရွက္စရာ မဟုတ္ပါဘူး။ အျခားသူေတြနဲ႕ အတူတူ အျပန္အလွန္ ခံစားၾကတာ ဟာလည္း ရွက္စရာ မဟုတ္ပါဘူး။ လိင္ကိစၥ အတူခံစားၾကသူခ်င္း သေဘာတူ ၾကည္ျဖဴၿပီး အေပးအယူမွ်ေနရင္ ဒါဟာ ကဲ့ရဲ႕ ျပစ္တင္စရာ မဟုတ္သလို သိကၡာက် တယ္လို႔ ျမင္စရာ အေၾကာင္းကို မရွိပါဘူး။ က်ေနာ္တို႔ လူ႕အဖြဲ႕အစည္း အေနနဲ႕ ဒါကို ရွင္းရွင္း နားလည္ထားရင္ ဘယ္သူက ဘယ္သူ႕ကိုမွ သူ႕ရဲ႕ လိင္ကိစၥအတြက္ သိကၡာခ်လိဳ႕ မရေတာ့ပါဘူး။

ေနာက္တခ်က္ျဖစ္တဲ့ ကိုယ္ဝန္တားေဆး ကိစၥမွာေတာ့ ေတာ္လွန္ေရးသမားေတြဟာလည္း ေသြးနဲ႕သားနဲ႕ လူသားေတြပဲမို႔ လိင္ကိစၥကို ေရွာင္မရပါဘူး။ ဒီေတာ့ ေျပးပုန္း ေရွာင္လႊားေနရခ်ိန္မွာ ေနာက္ဆက္တြဲ ကိစၥေတြ အတြက္ ျပင္ဆင္မႈ ရွိဖို႔လိုအပ္ပါတယ္။ အထူးသျဖင့္ မိန္းကေလးေတြ အေနနဲ႕ ဒီကာလမွာ ကိုယ္ဝန္ရွိခဲ့ရင္ အေတာ္ႀကီး ခက္ခဲပါလိမ့္မယ္။ လင္မယား ျဖစ္ၿပီးလို႔ အတည္ယူမယ့္သူနဲ႕ ကိုယ္ဝန္ရခဲ့ရင္ေတာင္ အေျခအေနအရ ရပ္တည္ ရွင္သန္ေရးမွာ အမ်ားႀကီး ပိုခက္သြားမွာပါ။

ဒါေၾကာင့္မို႔ အ႐ြယ္ေရာက္ၿပီးသား မိန္းကေလး တဦးအေနနဲ႕ ကိုယ္ဝန္ တားေဆး ကြန္ဒုံး စတာေတြ ေဆာင္ထားတာဟာ လုပ္သင့္တဲ့ ကိစၥပါပဲ။ မိန္းကေလးတင္မကဘဲ ေယာက္်ားေလး ေတြဟာလည္း ကြန္ဒုံးနဲ႕ အေရးေပၚ တားေဆး ေဆာင္ထားတာဟာ လုပ္သင့္တဲ့ ကိစၥပါပဲ။ ေပ်ာ္လိုက္ဖို႔က အဓိက ေနာက္ဆက္တြဲက သူ႕ကိစၥလို႔ တကိုယ္ေကာင္းဆန္လို႔ မရပါဘူး။

အဓိက အခ်က္ကေတာ့ ကိုယ္ဝန္တားေဆး ကြန္ဒုံး စတာေတြ ေဆာင္ထားတတ္ျခင္းဟာ ရွက္စရာ သိကၡာက်စရာ မဟုတ္ဘဲ လိင္က်န္းမာေရး ဆိုင္ရာ အသိပညာ ျမင့္မားမႈရဲ႕ လကၡဏာ တရပ္ျဖစ္တာမို႔ ဂုဏ္ယူစရာေတာင္ ျဖစ္တယ္ ဆိုတာ သိထားဖို႔ပါပဲ။

ဒီရက္ပိုင္း ဖတ္လိုက္ရတဲ့ ေဆာင္းပါးတေစာင္မွာ ေရးတာက လူတခ်ိဳ႕ရဲ႕ လိင္ဆက္ဆံခ်ိန္ ရိုက္ကူးထားတဲ့ HD လို႔ ေခၚတဲ့ ဗြီဒီယိုေတြနဲ႕ အရွက္ခြဲ တိုက္ခိုက္မႈပါပဲ။ ဒီနည္းလမ္းကို ေတာ္လွန္ေရး အစကာလတုန္းက စစ္တပ္ဘက္က ဆက္စပ္သူ အမ်ိဳးသမီးတခ်ိဳ႕ အေပၚ ပစ္မွတ္ထား လုပ္ေဆာင္ခဲ့ၾကတာ ေတြ႕ရဖူးပါတယ္။ က်ေနာ္ဖတ္လိုက္ရတဲ့ ဆိုရွယ္မီဒီယာ ပိုစ့္မွာ ေရးထားတာကေတာ့ ဒီလို ဗြီဒီယိုေတြ ေတြ႕လိုက္ရရင္ “ဟာ ရွက္စရာႀကီး၊ အရွက္မဲ့လိုက္တာ”လို႔ ကဲ့ရဲ႕ ျပစ္တင္ၾကမယ့္ အစား ေကာင္မေလးကျဖစ္ေစ ေကာင္ေလးကျဖစ္ေစ လွလိုက္တာ၊ ကြၽမ္းလိုက္တာ၊ ေပ်ာ္စရာေကာင္းလိုက္တာ၊ သိုင္းကြက္ေတြ မိုက္လိုက္တာလို႔ ျမင္ေပး ေတြးေပးတတ္ၾကရင္ အရွက္ခြဲလို႔ မရေတာ့ဘူး ဆိုတာပါပဲ။ သူေတြးပုံက တကယ္မွန္ပါတယ္။ လူေတြပဲ လိင္ဆက္ဆံ ၾကတာ ဘာဆန္းလို႔လဲ၊ အဲ့လို ဆက္ဆံမႈကို မွတ္တမ္းတင္ထားလို႔ တျခားသူေတြက ေတြ႕ရျမင္ရေတာ့ေရာ ဒါဟာ ဘာမ်ား ထူးၿပီး ရွက္စရာ သိကၡာက်စရာ ျဖစ္ရမွာတဲ့လဲ။ က်ေနာ္တို႔ လူသား အားလုံး ကိုယ္တိုင္လည္း လိင္ဆက္ဆံၾကၿပီး လူျဖစ္တာတာကလည္း အေမနဲ႕အေဖနဲ႕ ေဖာင္းဒိုင္းလုပ္ၾက၊ ဒခ်ိၾက၊ လိင္ဆက္ဆံခဲ့ၾကလို႔ မလား။

ဒါေၾကာင့္ လိင္ကိစၥဟာ private ပုဂၢိဳလ္ေရး ကိစၥမို႔လို႔ ကိုယ္နဲ႕မဆိုင္ရင္၊ မစပ္စုသင့္ မေဖာ္ထုတ္သင့္ေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အမ်ားသိ ျဖစ္လာရင္လည္း သက္ဆိုင္သူေတြကို မကဲ့ရဲ႕ မရႈတ္ခ်ဘဲ ဒါဟာ သဘာဝျဖစ္စဥ္ တခုလို႔ပဲ နားလည္ ရႈျမင္ေပးသင့္ပါတယ္။ ဒါဆိုရင္ လူေတြကို HD ေတြနဲ႕ အရွက္ခြဲလို႔ မထိခိုက္နိုင္ေတာ့သလို ရည္႐ြယ္ တိုက္ခိုက္ခံရသူေတြဘက္ကေန “ငါတို႔ အားလုံး တူတူေတြပဲ၊ ဘာမွ မရွက္နဲ႕ အားမငယ္နဲ႕”လို႔ စာနာ ရပ္တည္ေပးရာလည္း ေရာက္သြားပါလိမ့္မယ္။ ဒါကို သိကၡာခ်စရာ တိုက္ခိုက္စရာ လက္နက္တခု အေနနဲ႕ ရည္႐ြယ္ျဖန့္ခ်ိသူေတြသာ တကယ္တမ္း ရွက္ရမွာ၊ စည္းေဖာက္သူ ျဖစ္တယ္ဆိုတာလည္း တပါတည္း ေဖာ္ျပၿပီးသား ျဖစ္သြားပါလိမ့္မယ္။

နိဂုံးခ်ဳပ္ ရရင္ေတာ့ က်ေနာ္တို႔ အားလုံးဟာ လိင္ဆက္ဆံမႈေၾကာင့္ ေမြးဖြားလာၾကတဲ့ လူသားေတြပါ။ လိင္မႈကိစၥဟာ ရွက္စရာ ႐ြံစရာ ညစ္ညမ္းတဲ့ ကိစၥမဟုတ္ပါ။ လူ႕ဘဝမွာ စိတ္ေရာ႐ုပ္ပါ ေက်နပ္ေပ်ာ္႐ႊင္မႈ ေပးနိုင္ၿပီး အလိုရွိရင္ လူသားမ်ိဳးဆက္ေတြပါ ပြားမ်ားေပးနိုင္တဲ့ အင္မတန္ ဂုဏ္ယူစရာ ကိစၥပါ။ ဒါေၾကာင့္ ေတာ္လွန္ေရး သမားျဖစ္ေစ၊ စစ္သား ရဲသား ျဖစ္ေစ လိင္ဆက္ဆံၾကတာ ကဲ့ရဲ႕ ျပစ္တင္ သိကၡာခ်စရာ မဟုတ္ပါ။ လူ႕ယဥ္ေက်းမႈက လက္မခံနိုင္တဲ့ တဖက္သား သေဘာမတူတဲ့ အဓမၼ ျဖားေယာင္း ေသြးေဆာင္ လိင္အျမတ္ထုတ္တာျဖစ္ျဖစ္ မုဒိန္းမႈ က်ဴးလြန္တာျဖစ္ျဖစ္ အဲဒါေတြကလြဲ လိင္ကိစၥကို မူတည္ၿပီး သိကၡာခ်တာဟာ ယဥ္ေက်းမႈျမင့္တဲ့ လူသားတေယာက္ရဲ႕ လုပ္ရပ္မဟုတ္ဘဲ ေအာက္တန္းက်ျခင္းသာ ျဖစ္ေၾကာင္း နားလည္ေပးၾကပါ။

ေတာ္လွန္ေရး ကာလႀကီးထဲမွာလည္း ခ်စ္ၾက ၾကင္နာၾကရင္း လူသားဆန္စြာပဲ ျဖတ္သန္းၾကပါ။ က်န္းမာေရးနဲ႕ မ်ိဳးဆက္ပြားဆိုင္ရာ ကိစၥေတြကိုေတာ့ စနစ္တက် ျပင္ဆင္ ကာကြယ္ၾကပါလို႔ ႏွိုးေဆာ္ရင္း ေႏြဦးေတာ္လွန္ေရးနဲ႕အတူ အရိုးစြဲေနတဲ့ လိင္ယဥ္ေက်းမႈ အေဆြးအေဟာင္းႀကီးကိုပါ တပါတည္း တိုက္ဖ်က္ ေတာ္လွန္ပစ္ၾကဖို႔ တပ္လွန့္ လိုက္ပါရေစ။

တခုေတာ့ ရွိပါတယ္ မည္သည့္ လိင္ကိစၥမဆို ဥပေဒအရ အ႐ြယ္ေရာက္ၿပီးသူခ်င္းပဲ ျဖစ္ရပါမယ္။ ဆက္ဆံသူခ်င္း သေဘာတူ ၾကည္ျဖဴရပါမယ္။ ဒါေတြကေတာ့ ဘယ္ေတာ့မွ မခ်ိဳးေဖာက္ရမယ့္ သံမဏိ စည္းကမ္းေတြ ျဖစ္ပါတယ္…

စိတ္ေရာ ကိုယ္ပါ ခ်စ္ျခင္း ေမတၱာေတြနဲ႕ ေတာ္လွန္ေရး ခရီးဆက္နိုင္ ၾကပါေစ။

(မိုးဃ္ေသြးသည္ လူအခြင့္အေရး တက္ႂကြလႈပ္ရွားသူ တဦးျဖစ္ၿပီး Generation Wave အဖြဲ႕ကို တည္ေထာင္သူတဦးလည္း ျဖစ္သည္။)


Credit

 

အသစ်ပြန်လည် ပြုပြင်ထားသော APK ကို ဒေါင်းယူလိုက်ပါ
 

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Random Posts

Recent in Player