အမျိုးသမီးတွေ ရာသီသွေးအဆင်းများတာ ဘာကြောင့်လဲ

အမျိုးသမီးတွေ ရာသီသွေးအဆင်းများတာ ဘာကြောင့်လဲ
Category
အမျိုးသမီးများနှင့်ကျန်းမာရေး
ရာသီသွေးအဆင်းများခြင်းဆိုတာ ပုံမှန်ထက်ပိုပြီး သွေးအဆင်းများခြင်း သို့မဟုတ် ၇ ရက်ထက်ပိုပြီး ရာသီလာခြင်းကို ဆိုလိုပါတယ်။
ရာသီလာစဉ်မှာ တစ်နာရီအတွင်း Pad 2 ခု စိုစွတ်နေပြီဆိုပါက ရာသီသွေးအဆင်းများတယ်လို့ ဆိုနိုင်ပါတယ်။
>>  ဖြစ်စေသောအကြောင်းရင်းများ
●  သွေးမတိတ်သောရောဂါ (Hemophilia)
●  Polycystic Ovary Syndrome လို့ခေါ်သော အမျိုးသမီးရောဂါ
●  သားအိမ်အသားလုံးများရှိခြင်း
●  သားအိမ်ကင်ဆာ
>>  ရောဂါလက္ခဏာများ
●  ရာသီသွေးဆင်းခြင်းကြောင့် သွေးအားနည်းခြင်းကို ဖြစ်စေတဲ့အတွက်  မူးဝေခြင်း၊ နှလုံးတုန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း၊ အသက်ရှူမဝခြင်း စတဲ့ လက္ခဏာတွေ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
●  သားအိမ်နံရံကို ထိခိုက်စေသော ရောဂါတစ်မျိုးဖြစ်တဲ့ adenomyosis လို့ခေါ်တဲ့ ရောဂါကြောင့် ရာသီသွေး အဆင်းများသူတွေအနေနှင့် သွေးခဲများဆင်းခြင်းနှင့် နာကျင်ကိုက်ခဲခြင်းဝေဒနာကိုပါ ခံစားရနိုင်ပါတယ်။
●  အမျိုးသမီးတွေအနေနှင့် လစဉ်ဆိုသလို ရာသီသွေးအဆင်းများခြင်းနှင့် ကြုံတွေ့ရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး အကြောင်းရင်းကို ရှာဖွေသင့်ပါတယ်။
ရာသီသွေးဆင်းများသူများအနေနှင့် သံဓာတ်အားဆေးပြားများ သောက်သုံးခြင်းဖြင့် သံဓာတ်အားနည်းခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Credit 



အသစ်ပြန်လည် ပြုပြင်ထားသော APK ကို ဒေါင်းယူလိုက်ပါ
 

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Random Posts

Recent in Player