တွဲကစားချင်ဆုံး ကစားသမားကို မကွက်မဝှက် ပြတ်သားစွာ ပြောလိုက်တဲ့ ဟယ်ရီကိန်း

[UNICODE] စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကတော့ သူတွဲကစားချင်ဆုံး ကစားသမားကို ပြောပြခဲ့တာပါ။

ဟယ်ရီကိန်း တွဲကစားချင်ဆုံး ကစားသမားကတခြားသူ မဟုတ်ဘဲ မန်စီးတီးကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်း ဖြစ်နေတာပါ။ ဒီဘရိုင်းရဲ့ ဖန်တီးပေးမှုကို သဘောကျမိတဲ့အကြောင်း ဟယ်ရီကိန်းက အခုလို ဖွင့်ဟခဲ့ပါတယ်။

“ဒီဘရိုင်း ကစားတာကြည့်မိတဲ့အချိန်မှာ သူ့ ထူးခြားတဲ့ ကစားသမားဆိုတာ မြင်ပါတယ်။ မန်စီးတီးအတွက် သူ့ရဲ့ တချို့ ဘောလုံး အခင်းအကျင်းတွေက ရိုးရိုးသားသားပြောရရင် တိုက်စစ်မှူးတစ်ယောက်အတွက် အိပ်မက်လိုပါပဲ။

သူက တစ်နှစ်ပြီးတစ်နှစ် ထူးခြားလာတာ တွေ့ရတယ်။ ဘောလုံးကိုင်ထားစဉ်မှာရော၊ ဘောလုံးမရှိချိန်မှာ ဖိအားပေးတာရော သူက ကျွန်တော်မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပါ”လို့ ဟယ်ရီကိန်းက ဖွင့်ဟခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဟယ်ရီကိန်းအနေနဲ့ မန်စီးတီးကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေတာပါ။ ဒါဟာ ကိန်းအနေနဲ့ မန်စီးတီးကို ပြောင်းချင်တဲ့အကြောင်း သဲလွန်စပေးခဲ့တာလို့ တချို့က သုံးသပ်နေကြပါတယ် ။

[ZAWGYI] စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကတော့ သူတွဲကစားချင်ဆုံး ကစားသမားကို ပြောပြခဲ့တာပါ။

ဟယ်ရီကိန်း တွဲကစားချင်ဆုံး ကစားသမားကတခြားသူ မဟုတ်ဘဲ မန်စီးတီးကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်း ဖြစ်နေတာပါ။ ဒီဘရိုင်းရဲ့ ဖန်တီးပေးမှုကို သဘောကျမိတဲ့အကြောင်း ဟယ်ရီကိန်းက အခုလို ဖွင့်ဟခဲ့ပါတယ်။

“ဒီဘရိုင်း ကစားတာကြည့်မိတဲ့အချိန်မှာ သူ့ ထူးခြားတဲ့ ကစားသမားဆိုတာ မြင်ပါတယ်။ မန်စီးတီးအတွက် သူ့ရဲ့ တချို့ ဘောလုံး အခင်းအကျင်းတွေက ရိုးရိုးသားသားပြောရရင် တိုက်စစ်မှူးတစ်ယောက်အတွက် အိပ်မက်လိုပါပဲ။

သူက တစ်နှစ်ပြီးတစ်နှစ် ထူးခြားလာတာ တွေ့ရတယ်။ ဘောလုံးကိုင်ထားစဉ်မှာရော၊ ဘောလုံးမရှိချိန်မှာ ဖိအားပေးတာရော သူက ကျွန်တော်မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပါ”လို့ ဟယ်ရီကိန်းက ဖွင့်ဟခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဟယ်ရီကိန်းအနေနဲ့ မန်စီးတီးကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေတာပါ။ ဒါဟာ ကိန်းအနေနဲ့ မန်စီးတီးကို ပြောင်းချင်တဲ့အကြောင်း သဲလွန်စပေးခဲ့တာလို့ တချို့က သုံးသပ်နေကြပါတယ် ။ 

အသစ်ပြန်လည် ပြုပြင်ထားသော APK ကို ဒေါင်းယူလိုက်ပါ

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Random Posts

Recent in Player