အရမ်း အသုံးဝင်ပါတယ်။ အားလုံးဆောင်ထား သင့်တာလေးပါ …
မြန်မာ IT ပညာရှင်များက အလွန်အသုံးဝင်တဲ့ ဒီ Map ကို ဖန်တီးအသက်သွင်းပေးထားပြီးတော့ Android Phone တွေအတွက် ကျွန်တော်က app လေး ပြန်လုပ်ပေးထားပါတယ်။
မိမိတည်နေရာမှန်ချင်ရင်တော့ Phone ရဲ့ မူလ Setting > Apps > Permission ထဲမှာ Location ကို Allow သွားဖွင့်ပေးပါ။
တစ်ခုတော့ရှိပါတယ်။
တစ်ဖက်က အခြေအနေကို လွယ်ကူစွာ ခန့်မှန်းနိုင်အောင် တတ်နိုင်သမျှအားနဲ့ လုပ်ပေးထားကြတာပါ။
မြေပြင်သတင်းပေါ် အခြေခံပြီးတော့မှ Map ကိုဖန်တီးတဲ့ IT team က Data update လုပ်ကြမှာမို့ Real time 100% မှန်ကန်မယ်လို့ အာမ မခံနိုင်ပါဘူး။ တခြား သတင်းရင်းမြစ်တွေကိုလည်း လေ့လာကြပါ။
ဉာဏ်နဲ့ ယှဉ်ပြီး အသုံးပြုဖို့ အကြံပေးလိုပါတယ်။
Use with your own risk ပါ။
နောက်ပြီး Copy Link ဆိုတဲ့နေရာ Or Open Link ဆိုတဲ့နေရာတွေမှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
Link ကို Copy ယူပြီး Browser ကသွားတာ ပိုကောင်းပါတယ်။ VPN သတိထားပေးပါ။
လုပ်နည်းလေးကိုတော့ ဒီမှာ ဝင်ကြည့်ပါ။
အားလုံးပဲ အဆင်ပြေနိုင်ကြပါစေနော်။
Posts တင်ပေးသူ - Mg Zin Myo


