မင်္ဂလာပါ မြန်မာလို ဂိုးရလဒ်တွေကို တိုက်ရိုက်ကြည့်ရှူ့ချင်တယ်ဆိုပြီး တောင်းဆိုထားကြတဲ့ သူများတွက် ဗားရှင်း အသစ်တက်လာတဲ့ Football Scores - FotMob ဆော့ဝဲလ် ကို တင်ပေးလိုက်ပါတယ်။
ဘောလုံးဝါသနာရှင်များ ဘောလုံးပွဲစဉ်တွေရဲ့ ဂိုးရလဒ် နှင့် ကစားမည့်နေ့ ရက် အချိန် နှင့် ကစားသမားတွေကို ကြည့်ရှုနိုင်မည့် ဆော့ဝဲလေးပါ။
League အသီးသီးရဲ့ ကစားမဲ့ ပွဲစဉ်အချိန် အမှတ်ပေးဇယား
စတာတွေအပြင် အသင်းတစ်သင်းရဲ့ တစ်နှစ်ပတ်လုံးမှာ ကစားကြမဲ့ ပွဲစဉ်တွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။
ဘောလုံးပွဲစဖို့ နာရီဝက်လောက် အလိုမှာဆိုရင် အသင်းမှာ ပါဝင်ကစားကြမဲ့ လူစာရင်း လောင်းကြေး စတာတွေကိုလည်း ကြည့်ရှုနိုင်သလို ဘောလုံးပွဲပြီးသွာတဲ့ အခါမှာလည်း ဒီပွဲစဉ်ရဲ့ ဘောလုံးပိုင်ဆိုင်မှု ဖောင်းဘော အဝါကဒ် ထောင့်ကန်ဘော အစရှိတာတွေကိုလည်း အသေးစိတ်ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်။
ဒါတွေမကသေးပါဘူး League တစ်ခုချင်းစီမှာ ဂိုးသွင်းထားတဲ့ ကစားသမားတွေရဲ့ အမည်စာရင်းတွေအပြင် ဘောလုံးလောကရဲ့ သတင်းတွေကိုလည်း တစ်နေရာထဲမှာ သိနိုင်အောင် ပြုလုပ်ပေးထားပါတယ်။
အသစ်ထွက်ထားတဲ့ ဗားရှင်းအသစ်ကိုအောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်။
APK Download - https://bit.ly/33CwtEg
အားလုံး အဆင်ပြေကြပါစေနော်။
Posts တင်ပေးသူ - @Mg Zin Myo




