ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ဒီလို ထိန်းသိမ်းပါ။


ဆောင်းကာလက အသားအရေအတွက် ခက်ခဲတဲ့ရာသီဥတု တစ်ရပ်ပါ။ ဆောင်းရာသီက ခြောက်သွေ့မှုများတာကြောင့် အသားအရေရဲ့ အစိုဓာတ်ထိန်းသိမ်းနိုင်စွမ်းကို ထိခိုက်စေနိုင်သလို ခြောက်သွေ့မှုတွေကို ဖြစ်စေနိုင်ပါတယ်။


သာမန်အသားအရေအတွက်တောင် ခက်ခဲတဲ့ ဆောင်းကာလက ဝက်ခြံဖြစ်လွယ်သူတွေအတွက်တော့ တော်တော်လေး ခက်ခဲမယ့် အခိုက်အတန့်ပါ။ ဒီတော့ ဆောင်းရာသီမှာ ဝက်ခြံတွေ ပိုဆိုးမလာအောင် ဘယ်လိုများ အသားအရေ ထိန်းသိမ်းရမလဲလို့ စဉ်းစားနေပြီလား……………


ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေး ထိခိုက်မှု ကင်းစေဖို့

ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ထိန်းသိမ်းဖို့ဆိုရင်


မျက်နှာသစ်ဆေး ပြောင်းပါ။

ဆောင်းရာသီမှာ အသားအရေက ကျန်တဲ့ ရာသီတွေထက် ထိခိုက် လွယ်ပါတယ်။ ဒါ​ကြောင့် အသားအရေကို ထိခိုက်မှု ကင်းစေဖို့ဆိုရင် အသားအရေကို ထိခိုက်မှု ကင်းပြီး အကောင်းဆုံး သန့်စင်ပေးနိုင်မယ့် မျက်နှာသစ်ဆေး အပျော့စားလေးတွေကို ရွေးပေးပါ။


ဒါကြောင့် ဝက်ခြံသက်သာစေမယ့် မျက်နှာသစ်ဆေးတွေကိုလည်း အရမ်း မသုံးစွဲပါနဲ့။


မျက်နှာ ခဏခဏ မသစ်ပါနဲ့။

မျက်နှာ ခဏခဏ သစ်တာက မျက်နှာပေါ်က အဆီတွေကို ခန်းစေပြီး အသားအရေ ခြောက်သွေ့မှုတွေကို ဖြစ်စေပြီး အရေပြားကို ထိခိုက်လွယ်စေပါတယ်။ အရေပြားကို ထိခိုက်လွယ်တာက နောက်ဆက်တွဲ အနေနဲ့ ပိုးဝင်တာ၊ ဝက်ခြံတွေဖြစ်တာကို ဖြစ်စေနိုင်တာကြောင့် ဆောင်းတွင်းမှာ ခဏခဏ မျက်နှာသစ်တာကို ရှောင်ပါ။


Moisturize လိမ်းပါ။

ဆောင်းတွင်းမှာ အသားအရေကို ထိခိုက်မှာစိုးပြီး Moisturize မလိမ်းတာမျိုး မလုပ်ပါနဲ့။ Moisturize က အသားကို ခြောက်သွေ့တာမျိုး မဖြစ်စေပါဘူး။ ရေဓာတ် ဖြည့်ပေးပြီး အသားအရေကို ပိုမို ကျန်းမာစေမှာပါ။


ဒါကြောင့် ဆောင်းရာသီ ရောက်လာလို့ဆိုပြီး Moisturize မလိမ်းတာမျိုး မလုပ်ပါနဲ့။ မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်လိမ်းပေးပါ။


နေလောင်ကာခရင်မ် လိမ်းပါ။

ဆောင်းရာသီက အေးတာ မှန်ပေမယ့် နေရောင်ကြောင့် အသားအရေ ပျက်စီးနိုင်ခြေကတော့ ရှိနေဆဲပါ။ ဒါကြောင့် ဆောင်းအေးလို့ဆိုပြီး နေလောင်ကာ ခရင်မ် မလိမ်းတာမျိုး မလုပ်ပါနဲ့။


ဆောင်းတွင်းမှာလည်း အသားအရေ ထိခိုက်မှု ကင်းပြီး ကျန်းမာစေဖို့ အပြင် မထွက်ခင် အနည်းဆုံး ၁၅ မိနစ် အလိုမှာ နေလောင်ကာ ခရင်မ်ကို လိမ်းပေးပါ။


ရေများများသောက်ပါ။

ရေဓာတ်ပြည့်ဝမှုက အသားအရေ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါ​ကြောင့် ဆောင်းတွင်းမှာ အသားအရေ ပြဿနာ ကင်းစေဖို့ ရေများများ သောက်ပေးပါ။


ကဲ…ဒီနည်းလမ်းလေးတွေအတိုင်း ဆောင်းကာလမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ကျန်းမာစေဖို့ စောင့်ရှောက်လိုက်စို့နော်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Credit: https://hellosayarwon.com/



အသစ်ပြန်လည် ပြုပြင်ထားသော APK ကို ဒေါင်းယူလိုက်ပါ

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Random Posts

Recent in Player