ရှားစောင်းလက်ပတ် နှင့် လူ့ကျန်းမာရေး



ရှားစောင်းလက်ပတ်ဟာ အရေပြား ကျန်းမာရေးအတွက် အကောင်းဆုံး သဘာဝဆေး

တစ်မျိုး ဖြစ်ပါတယ်။သူ့ရဲ့အဓိက လုပ်ဆောင်ချက်ကတော့ အရေပြားမှာ ရှိတဲ့ ဆဲလ်တွေ

ကို အောက်စီဂျင်ဓာတ် ပေးစွမ်းခြင်း ဖြစ်ပါတယ်။ ယင်းသို့ ပေးစွမ်းခြင်းဖြင့် တစ်ရှူ းများ

ကို အလိုလို ပြုပြင်သန်မာစေပါတယ်။ ဒီတော့ အရေပြား အတွက် သူ့ရဲ့ကောင်းကျိုး

များက အောက်ပါအတိုင်း ဖြစ်ပါတယ်။မီးလောင်နာ၊ အရည်ကြည်ဖု၊ နေလောင်ဒဏ်

ကြောင့် ပျက်ဆီးသော အရေပြား၊ ထိခိုက်ရှနာမှ ကျန်ရှိသော အမာရွတ်၊ အပူလောင်၊

ယားနာ၊ ဓာတ်မတည့်၍ ထသော အနီဖု၊ စပ်ဖျင်းဖျင်း အနာ၊ နှင်းခူနှင့် အခြားအရေပြား

ရောဂါတွေကို ရှားစောင်းလက်ပတ်အသား (အနှစ်)လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေ

ပါတယ်။


မျက်နှာကို လိမ်းပေးခြင်း၊ ကပ်ပေးခြင်းကလည်း မျက်နှာအသားအရေ ပြုပြင်ခြင်းတစ်မိုျးပဲ

ဖြစ်ပါတယ်။ ဝက်ခြံ၊ တင်းတိတ်များ ပျောက်ကင်းပြီး အသားအရေ နူးညံ့ချောမွေ့ စေပါ

တယ်။ ဒါကြောင့် အလှကုန်ပစ္စည်းအချို့နဲ့ ကိုယ့်သန့်စင်ဆေးရေ၊ ဆပ်ပြာတို့မှာ ရှားစောင်း

လက်ပတ်များ ထည့်သုံးခြင်း ဖြစ်ပါတယ်။ ယင်းကတော့ အပြင်ကအသားအရေကို

ကောင်းကျိုးပြု ခြင်းမျှသာ ဖြစ်ပါတယ်။ အမှန်တော့ ရှားစောင်းလက်ပတ်က ကိုယ်တွင်း ကျန်းမာရေးအတွက်လည်း အကျိုးထူးတဲ့ ဆေးဝါးတစ်မျိုး ဖြစ်ပါတယ်။


နှလုံး၊ အဆုတ်၊ အသည်းနှင့် သက်ဆိုင်သော ရောဂါတော်တော် များများကို

ပျောက်ကင်းစေပါတယ်။ အရက်နာကျသူများလည်း ရှားစောင်းလက်ပတ် အစိမ်းလိုက် စားသုံးခြင်းဖြင့် အသည်းကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေတယ်လို့ သိရပါတယ်။


ကင်ဆာရောဂါအတွက် ဆေးဝါးတစ်မျိုးလည်း ဖြစ်တဲ့အတွက် ဆေးတွေမှာလည်း ရှားစောင်းကို အသုံးပြု ပါတယ်။ အဓိကကတော့ ကိုယ်တွင်းမှာ အပူကြောင့်ဖြစ်တဲ့

ရောဂါမှန်သမျှကို ကုသပေးခြင်း ဖြစ်ပါတယ်။ သွားကျန်းမာရေး အတွက်လည်း

ကောင်းမွန်တဲ့အတွက် သွားတိုက်ဆေးတွေမှာလည်း တွေ့ရတတ်ပါသေးတယ်။ သူအကိုျးမပြုတဲ့နေရာက မရှိသလောက်ကို လူသားကျန်းမာရေးအတွက် တကယ်ကို အကျိုးပြုပါတယ်။ ဒါကြောင့်လည်း ရှားစောင်းလက်ပတ် အချိုရည်၊ ယို၊ ဆေး၊ ကိုယ်သန့်စင်

ဆေး၊ ဆပ်ပြာ အစရှိသဖြင့် ပေါ်ပေါက် လာရခြင်း ဖြစ်ပါတယ်။


Credit : medic facts


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


အသစ်ပြန်လည် ပြုပြင်ထားသော APK ကို ဒေါင်းယူလိုက်ပါ

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Random Posts

Recent in Player