ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn | ရေးသားသူ Aye Thi Mon


ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသော ခေါင်းကိုက်ခြင်း ပြဿနာကို ခံစားရနိုင်ပါတယ်။ ဒါက ကိုယ်ဝန်ဆောင်တိုင်းရှောင်လွှဲလို့ မရတဲ့ ပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။


ကိုယ်ဝန်စရှိချိန်ကနေစပြီး ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ပထမ ၃ လပြီးရင်တော့ တဖြည်းဖြည်း သက်သာ ကောင်းမွန်လာမှာပါ။ ဒီလို ခေါင်းကိုက်တာက ဗိုက်ထဲက ဘေဘီလေးကို မထိခိုက်စေနိုင်ပါဘူး။

ခေါင်းကိုက်ခြင်း အမျိုးအစားများ

ခေါင်းကိုက်တာက ကိုယ်ဝန်ဆောင်ကာလမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး အတော်များများ ခံစားကြရပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုခု မဟုတ်သလို ကိုယ်ဝန်ဆောင်ခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ တစ်ခုလည်း မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ အခုလို ခေါင်းကိုက်ခြင်းမျိုးကို ခံစားရနိုင်ပါတယ်။


တင်းအားကြောင့် ခေါင်းကိုက်ခြင်း

ခေါင်းတစ်ခြမ်းကိုက်ခြင်း

ခေါင်းထဲကမှာ စုခဲပြီး ခေါင်းကိုက်ခြင်းပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်နေတာလား။

ကိုယ်ဝန်ဆောင်တိုင်း ခေါင်းကိုက်တာကို ခံစားရနိုင်တယ်ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် ခံစားရပုံခြင်းတော့ မတူနိုင်ပါဘူး။ ခေါင်းကိုက်တဲ့အခါ


ခေါင်းထဲက ညီးစီစီနဲ့ ကိုက်တာ

ခေါင်းထဲက စူးခနဲထိုးပြီး ကိုက်တာ

ခေါင်းတစ်ခြမ်းက တော်တော်လေး ကိုက်တာ

ခေါင်းအနောက်ဘက်က စူးခနဲ စူးခနဲ ကိုက်တာ

မျက်လုံး နှစ်ခုကြားက စူးခနဲ ကိုက်တာ မျိုးတွေ ခံစားရနိုင်ပါတယ်။

ဒါတွေနဲ့အတူ


မအီမသာဖြစ်တာ

အော့အန်တာ

မျက်လုံးထဲမှာ အစင်းကြောင်းတွေ မြင်နေတာ

အလင်းရောင်တွေလို ဖျတ်ခနဲ မြင်တာ

အစက်အပြောက်တွေ မြင်နေရတာမျိုးကိုပါ ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ရတဲ့ အကြောင်းအရင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက


ကိုယ်ဝန် ပထမ ၃ လပတ်

ဒီကာလမှာ အဖြစ် အများဆုံး ခေါင်းကိုက်ခြင်းပြဿနာက တင်းအားကြောင့် ခေါင်းကိုက်တာပါ။ ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ခန္ဓာကိုယ်က အပြောင်းအလဲတွေ အများကြီးဖြစ်ပါတယ်။


ဟော်မုန်း အပြောင်းအလဲ

သွေးထုထည် အပြောင်းအလဲ

ကိုယ်အလေးချိန် အပြောင်းအလဲတွေပေါ့။ ဒါတွေက မေမေ့ကို ခေါင်းကိုက်စေတာပါ။

ဒါတွေအပြင်


ရေဓာတ် နည်းတာ

မအီမသာဖြစ်တာ

အော့အန်တာ

စိတ်ဖိစီးတာ

အိပ်ရေးပျက်တာ

ကဖင်းစွဲလမ်းတာ

အာဟာရ မပြည့်တာ

သွေးတွင်းသကြားဓာတ် ကျဆင်းတာ

ကိုယ်လက်လှုပ်ရှားမှု နည်းတာ

အမြင်အာရုံ ပြောင်းလဲတာတွေကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။

အချို့မေမေတွေမှာတော့ ဒါတွေ စားမိတာကြောင့် ခေါင်းကိုက်နိုင်ပါတယ်။


နို့ထွက်ပစ္စည်း

ချောကလက်

ချိစ်

တစေး

ခရမ်းချဉ်သီး စတာတွေကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်နိုင်ပါတယ်။

ကိုယ်ဝန် ဒုတိယ ၃ လပတ်

ကိုယ်ဝန်ဆောင် ဒုတိယ ၃ လပတ်မှာ အရင်လောက် မဆိုးပေမယ့် ခေါင်းကိုက်တာကို ဆက်လက် ခံစားနေရနိုင်ပါတယ်။ ဒါတွေကြောင့်ပေါ့။


ကိုယ်အလေးချိန် များလာတာ

ကိုယ်နေဟန်ထား

အအိပ်နည်းတာ

အစားအသောက် ပြောင်းတာ

ကြွက်သားတွေ တောင့်တင်းတာ

သွေးတိုး

ဆီးချို စတဲ့ အကြောင်းအရင်းတွေကြောင့် ခေါင်းကိုက်တာပါ။

ကိုယ်ဝန်ဆောင် တတိယ ၃ လပတ်

ဒီကာလမှာတော့ မိခင် အတော်များများ ခေါင်းကိုက်တဲ့ ပြဿနာ အတော်လေး သက်သာသွားပါပြီ။ မရှိသလောက်ကို ပျောက်သွားပြီလို့ ဆိုရပါမယ်။ ဒီကာလအထိ ခေါင်းကိုက်တာ မသကသာသေးရင်တော့ ဆီးချို၊ သွေးတိုးလိုမျိုး ရောဂါ တစ်ရပ်ရပ်ကြောင့် ဖြစ်ဖို့ များပါတယ်။


ဘယ်လို သက်သာအောင် လုပ်မလဲ။

ကိုယ်ဝန်ဆောင်ကာလမှာ ခံစားရတဲ့ ခေါင်းကိုက်တာ သက်သာစေဖို့ ဆိုရင်


ရေများများသောက်ပါ

အိပ်ရေးဝဝအိပ်ပါ

အနားယူပါ

ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ (ဥပမာ ကိုယ်ဝန်ဆောင် ယောဂလိုမျိုး လေ့ကျင့်ခန်းမျိုး လုပ်ပေးပါ)

နှိပ်နယ်ပါ

အကြောလျှော့ပါ

ရေအေးဝတ် ကပ်ပါ

ရေခဲဝတ် ကပ်ပါ

အာဟာရ သင့်တင့်မျှတအောင် စားပါ။

ဒီလို အခြေအနေဆို ဆရာဝန်နဲ့ ပြပါ။

တကယ်လို့ ကိုယ်ဝန်ဆောင်နေချိန်မှာ ခေါင်းကိုက်တာနဲ့အတူ

ဖျားမယ်

အော့အန်မယ်၊ မအီမသာဖြစ်မယ်

အမြင်တွေ ဝေဝါးမယ်

နာကျင်မယ်

ခေါင်းကိုက်တာက နာရီနဲ့ ချီပြီး ကြာနေမယ်

မကြာခဏ ခေါင်းကိုက်မယ်

မေ့မြောမယ်

တက်မယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံး သွားရောက်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


အသစ်ပြန်လည် ပြုပြင်ထားသော APK ကို ဒေါင်းယူလိုက်ပါ

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Random Posts

Recent in Player