ကဲ ေတာင္းဆိုထားတဲ့ မိတ္ေဆြမ်ားအတြက္ ဖုန္းလာရင္ Floating Bubbleေလးနဲ့ျပသေပးမယ့္ HandyCall
Floating App တစ္ခုျဖစ္တဲ့ HandyCall က ဖုန္း၀င္လာရင္ Floating Bubble အေနနဲ႔ ျပေပးမွာ ျဖစ္ၿပီး စမတ္ဖုန္းေတြရဲ႕ မ်က္ႏွာျပင္အရြယ္အစားကေသးငယ္တဲ့ အတြက္ Apps မ်ားကိုတစ္ၿပိဳင္နက္သံုးဖို႔ မလြယ္ကူပါဘူး။ ဒီလိုအေျခအေနမွာ
ဖုန္းမကိုင္ခ်င္ေသးဘဲလုပ္လက္စအလုပ္ကိုလက္စသတ္ႏုိင္တာကဒီ App ရဲ႕ ရည္ရြယ္ခ်က္ပါ။ ဖုန္းကို Accept, Reject, Mute လုပ္ႏုိင္ပါတယ္။
ဥပမာ..ဂိမ္းေဆာ့ေနတယ္ဆိုပါေတာ့..ဂိမ္းေဆာ့ေနရင္းဖုန္း၀င္လာရင္..ဂိမ္းထဲကမထြက္ပဲနဲ့..ဖုုန္းကိုင္တာ ဖုန္းခ်တာေတြလုပ္လို့ရပါတယ္....။
HandyCallကို Installလုပ္ၿပီးရင္
1. Theme Style မွာFlating Icon ရဲ႕ ပံုသ႑ာန္ကိုေျပာင္းလဲႏုိင္ပါတယ္။ Default အားျဖင့္ စက္၀ိုင္းပံုကို ေရြးခ်ယ္ထားၿပီးေလးေထာင့္ပံုကိုေျပာင္းႏိုင္ပါတယ္။
2. Popup Settings ေအာက္မွ Popup Transparency မွာFloating Icon ရဲ႕ ၾကည္လင္ေတာက္ပမႈကိုခ်ိန္ညွိႏုိင္ပါတယ္။
3. Home Screen မွာအမွန္ျခစ္ေပးထားတာက Home Screen မွာ ရွိေနတုန္းဖုန္း၀င္လာရင္ Default Phone App(နဂိုဖုန္းေခၚေနက်ပံုစံ) ကို ျပေပးမွာပါ။ HandyCallရဲ႕ FolatingIconကိုပဲသံုးခ်င္ရင္အမွန္ျခစ္ျဖဳတ္ေပးပါ။
4.Lock Screen မွာအမွန္ျခစ္ေပးထားတာကလည္းဒီသေဘာပါပဲ။ Lock ScreenမွာHandyCallကိုပဲသံုးခ်င္ရင္အမွန္ျခစ္ျဖဳတ္ေပးပါ။ နဂိုဖုန္းေခၚေနက်ပံုစံကိုလိုခ်င္ရင္ေတာ့ အမွန္ျခစ္ေပးပါ။
5. Time Range မွာအမွန္ျခစ္ေပးလိုက္ရင္ အခ်ိန္သတ္မွတ္ေပးရမွာ ျဖစ္ၿပီးအဲဒီအခ်ိန္အပိုင္းအျခားအတြင္းမွာ Default Phone App ကိုအသံုးျပဳမွာပါ။ စာေရးသူကHandyCallကိုပဲသံုးခ်င္တဲ့အတြက္ Time Range မွာ ျပင္ဆင္မႈ မလုပ္ပါဘူး။ App ကိုအခေပးအသံုးျပဳရင္ေတာ့ Configure Position မွာ Floating Bubble ျပသမယ့္ေနရာကို ျပင္ဆင္ႏုိင္ပါတယ္။
6. Settings မွာသင္ႏွစ္သက္သလို ျပင္ဆင္ၿပီးရင္ေတာ့ ဖုန္း၀င္လာရင္ Floating Icon အေနနဲ႔ ျပသေပးမွာ ျဖစ္ၿပီးလက္ရွိသံုးေနတဲ့ App ကိုဆက္သံုးႏုိင္သလိုဖုန္းကိုင္တာ၊ ဖုန္းခ်တာ၊ အသံပိတ္တာနဲ႔ လက္ရွိသံုးေနတဲ့ App ရဲ႕ ေနာက္ကိုပို႔လိုက္တာတို႔ကို ျပဳလုပ္ႏုိင္ပါတယ္။
HandyCallကို Android 4.0 နဲ႔သူ႔အထက္မွာသံုးႏုိင္ပါတယ္။ File Sizeကလည္း836.99KB ပဲရွိပါတယ္ခင္ဗ်။
လိုခ်င္သူမ်ားေအာက္က Linkမွာေဒါင္းပါ။
ကဲ တောင်းဆိုထားတဲ့ မိတ်ဆွေများအတွက် ဖုန်းလာရင် Floating Bubbleလေးနဲ့ပြသပေးမယ့် HandyCall
Floating App တစ်ခုဖြစ်တဲ့ HandyCall က ဖုန်းဝင်လာရင် Floating Bubble အနေနဲ့ ပြပေးမှာ ဖြစ်ပြီး စမတ်ဖုန်းတွေရဲ့ မျက်နှာပြင်အရွယ်အစားကသေးငယ်တဲ့ အတွက် Apps များကိုတစ်ပြိုင်နက်သုံးဖို့ မလွယ်ကူပါဘူး။ ဒီလိုအခြေအနေမှာ
ဖုန်းမကိုင်ချင်သေးဘဲလုပ်လက်စအလုပ်ကိုလက်စသတ်နိုင်တာကဒီ App ရဲ့ ရည်ရွယ်ချက်ပါ။ ဖုန်းကို Accept, Reject, Mute လုပ်နိုင်ပါတယ်။
ဥပမာ..ဂိမ်းဆော့နေတယ်ဆိုပါတော့..ဂိမ်းဆော့နေရင်းဖုန်းဝင်လာရင်..ဂိမ်းထဲကမထွက်ပဲနဲ့..ဖုန်းကိုင်တာ ဖုန်းချတာတွေလုပ်လို့ရပါတယ်....။
HandyCallကို Installလုပ်ပြီးရင်
1. Theme Style မှာFlating Icon ရဲ့ ပုံသဏ္ဍာန်ကိုပြောင်းလဲနိုင်ပါတယ်။ Default အားဖြင့် စက်ဝိုင်းပုံကို ရွေးချယ်ထားပြီးလေးထောင့်ပုံကိုပြောင်းနိုင်ပါတယ်။
2. Popup Settings အောက်မှ Popup Transparency မှာFloating Icon ရဲ့ ကြည်လင်တောက်ပမှုကိုချိန်ညှိနိုင်ပါတယ်။
3. Home Screen မှာအမှန်ခြစ်ပေးထားတာက Home Screen မှာ ရှိနေတုန်းဖုန်းဝင်လာရင် Default Phone App(နဂိုဖုန်းခေါ်နေကျပုံစံ) ကို ပြပေးမှာပါ။ HandyCallရဲ့ FolatingIconကိုပဲသုံးချင်ရင်အမှန်ခြစ်ဖြုတ်ပေးပါ။
4.Lock Screen မှာအမှန်ခြစ်ပေးထားတာကလည်းဒီသဘောပါပဲ။ Lock ScreenမှာHandyCallကိုပဲသုံးချင်ရင်အမှန်ခြစ်ဖြုတ်ပေးပါ။ နဂိုဖုန်းခေါ်နေကျပုံစံကိုလိုချင်ရင်တော့ အမှန်ခြစ်ပေးပါ။
5. Time Range မှာအမှန်ခြစ်ပေးလိုက်ရင် အချိန်သတ်မှတ်ပေးရမှာ ဖြစ်ပြီးအဲဒီအချိန်အပိုင်းအခြားအတွင်းမှာ Default Phone App ကိုအသုံးပြုမှာပါ။ စာရေးသူကHandyCallကိုပဲသုံးချင်တဲ့အတွက် Time Range မှာ ပြင်ဆင်မှု မလုပ်ပါဘူး။ App ကိုအခပေးအသုံးပြုရင်တော့ Configure Position မှာ Floating Bubble ပြသမယ့်နေရာကို ပြင်ဆင်နိုင်ပါတယ်။
6. Settings မှာသင်နှစ်သက်သလို ပြင်ဆင်ပြီးရင်တော့ ဖုန်းဝင်လာရင် Floating Icon အနေနဲ့ ပြသပေးမှာ ဖြစ်ပြီးလက်ရှိသုံးနေတဲ့ App ကိုဆက်သုံးနိုင်သလိုဖုန်းကိုင်တာ၊ ဖုန်းချတာ၊ အသံပိတ်တာနဲ့ လက်ရှိသုံးနေတဲ့ App ရဲ့ နောက်ကိုပို့လိုက်တာတို့ကို ပြုလုပ်နိုင်ပါတယ်။
HandyCallကို Android 4.0 နဲ့သူ့အထက်မှာသုံးနိုင်ပါတယ်။ File Sizeကလည်း836.99KB ပဲရှိပါတယ်ခင်ဗျ။
လိုချင်သူများအောက်က Linkမှာဒေါင်းပါ။


