Grade 01 Myanmar (MM)


သူငယ်တန်း မြန်မာစာ (Grade01-Myanmar)

သူငယ်တန်းမြန်မာစာဂိမ်းတွင် ကလေးငယ်များ မြန်မာဘာသာကို ပျော်ရွှင်စွာ ဆော့ကစားသင်ယူနိုင်မှာ ဖြစ်ပါတယ်။
ဖတ်စာများ နှင့် ကဗျာများကို ချစ်စရာလှုပ်ရှားမှု ရုပ်ပုံလေးများနှင့်အတူ ကဗျာရွတ်ဆိုသံများ ဖတ်စာရွတ်ဆိုသံများ ပါဝင်ခြင်းကြောင့် ကလေးငယ်များ မှတ်မိလွယ်ကူစေမှာဖြစ်ပါတယ်။

ကလေးငယ်များ၏ မှတ်ဉာဏ်စွမ်းရည်ကို ပြန်လည် စွမ်းသပ်နိုင်ရန် ဂိမ်းကစားနည်းကဲ့သို့သော ဉာဏ်စမ်း စာမေးပွဲအသေးစားများ ၊ စာမေးပွဲတွင် အထောက်အကူပြုပေးနိုင်သော ဂိမ်းများကို ထည့်သွင်းပေးထားပါတယ်။

ကလေးငယ်များ ဖတ်စာများကို ဘယ်လောက်မှတ်မိသလဲဆိုတာ စမ်းသပ်နိုင်ဖို့ မှန်ကန်သော ပုံကိုရွေးချယ်ရသော ဂိမ်းများ၊ ကွက်လပ်ဖြည့် ဂိမ်းများ၊ မှား/မှန် ရွေးချယ်ရသော ဂိမ်းများ အစရှိသော ဂိမ်းများ၊ မြန်မာအရေးအသားတိုးတက်စေရန် မြန်မာစာ စကားလုံးပေါင်း သတ်ပုံများကို မှန်ကန်စေရန် စာလုံးပေါင်း သတ်ပုံအမှန် ရွေးချယ်ရသောဂိမ်းများ အစရှိတဲ့ ဂိမ်းပုံစံ မျိုးစုံ ပါဝင်ပါတယ်။
ဂိမ်းများအားလုံးကို ဖတ်စာနှင့် ကဗျာထဲမှ စာများကိုပဲ ဉာဏ်စမ်း ဂိမ်းလေးများအဖြစ် ပြုလုပ်ပေးထားပါတယ်။






လေ့လာမှုဇယား
ကလေးငယ်များ ဘယ်ကဏ္ဍကို ဘယ်လောက်လေ့လာထားလဲ ဆိုတာ မိဘများ ကြည့်ရှုနိုင်ရန် လေ့လာမှုဇယားလည်း ပါဝင်ပါတယ်။ လေ့လာမှုဇယားထဲတွင် ကလေးငယ်များ ဘယ်လောက် လေ့လာထားသလဲ ၊ အမှန်များသလား ၊ အမှားများသလား ဆိုတာ အသေးစိတ်ကို မိဘများအနေဖြင့် ပြန်လည်ကြည့်ရှူ့နိုင်ပါတယ်။

ပါဝင်မှုများ
- ပျော်ရွှင် စိတ်လှုပ်ရှားစရာ လှုပ်ရှားမှု ရုပ်ပုံများ ပါဝင်ခြင်း
- ဖတ်စာပေါင်း (၁၀) ကျော် ပါဝင်ခြင်း
- ကဗျာပေါင်း (၂၀) ကျော် ပါဝင်ခြင်း
- ဂိမ်းပေါင်း (၈၀) ကျော် ပါဝင်ခြင်း
- လေ့လာမှုဇယား ပါဝင်ခြင်း

  • APK Download

  • Download - MMAPKNEWRO
  • Please Select Embedded Mode To Show The Comment System.*

    Previous Post Next Post

    Random Posts

    Recent in Player