နို့တိုက်ခြင်းကြောင့် နို့သီးခေါင်းနာကျင်ခြင်းမှ ကင်းဝေးစေမယ့် နည်းလမ်းကောင်းများ


ကရေးသားခဲ့သည်: Amicis
နို့တိုက်ခြင်းဟာ မိခင်နှင့်ကလေးကြား ချစ်ခင်ရင်းနှီးမှုကို တိုးပွားစေတဲ့အပြင် ရင်သွေးငယ်အတွက်လည်း အာဟာရဓာတ်များစွာရရှိစေတဲ့အတွက် အကျိုးများလှပါတယ်။ဒါပေမယ့် နို့တိုက်ခြင်းကြောင့် မေမေတို့ရဲ့ နို့သီးခေါင်းတွေနာကျင်ရတာလည်း အမှန်ပါပဲ။မပူပါနဲ့။ဒီအချက်ကို ကာကွယ်ဖို့ နည်းလမ်းကောင်းတွေရှိနေပါတယ်။ ပထမဆုံးအနေနဲ့ နို့သီးခေါင်းများကို စိုစွတ်အောင်ထားပါ။ နို့မတိုက်ခင်မှာ သန့်သောအ၀တ်ကိုရေစွတ်ပြီး နို့သီးခေါင်းကိုပွတ်တိုက်ပေးနိုင်ပြီး နို့တိုက်ပြီးတိုင်းမှာလည်း ဆားရည်စိမ်ထားသောအ၀တ်စကို နို့သီးခေါင်းပေါ်တွင် ၁မိနစ်ခန့်တင်ထားခြင်းဖြင့် နာကျင်တာသက်သာစေပါလိမ့်မယ်။ ဒုတိယအချက်အနေနဲ့ မေမေတို့ရဲ့နို့တိုက်ပုံအနေအထားပေါ်လည်း မူတည်ပါတယ်။နို့တိုက်ပုံအနေအထားမမှန်ပါက နို့်သီးခေါင်းများကို နာကျင်စေလို့ပဲ ဖြစ်ပါတယ်။ပထမဆုံးမီးဖွားဖူးသူများအနေနဲ့ ကလေးကို မေမေ့ရဲ့ဗိုက်နားတွင်ကပ်ပြီး ပွေ့ချီထားတဲ့ပုံနဲ့ နို့တိုက်ခြင်းဟာ အမှန်ကန်ဆုံးအနေအထားဖြစ်ပါတယ်။ကလေးကို မေမေ့အစာအိမ်နေရာတွင်ဖိကပ်ထားခြင်းဖြင့် ကလေးအတွက်လည်း နို့၀၀စို့စေဖို့ အထောက်အကူပြုပါတယ်။ နို့မတိုက်မီမှာ ကလေးကို သူ့ဘာသာသူပါးစပ်ဟလာတဲ့အထိ စောင့်ပါ။ကလေးပါးစပ်ကျယ်ကျယ်ဟနိုင်လေ ပိုအဆင်ပြေလေဖြစ်ပါတယ်။ ကလေးကနို့သီးခေါင်းကိုငုံထားချိန်မှာ မိမိနို့သီးခေါင်းက ကလေးအာခေါင်ကိုထိမိနေပါက မှန်ကန်တဲ့နို့တိုက်အနေအထားရတယ်လို့ ဆိုနိုင်ပါတယ်။ နို့တိုက်ပြီးချိန်တိုင်းမှာလည်း နို့သီးခေါင်းကို အလျင်စလို ဆွဲထုတ်ခြင်း မပြုလုပ်သင့်ပါဘူး။ကလေးပါးစပ်ကိုဖြေးဖြေးဖွင့်ပြီး ကလေးမေးစေ့ကို သင့်လက်မဖြင့် ညင်သာစွာဖိပြီးမှသာ ဆွဲထုတ်သင့်ပါတယ်။ နို့တိုက်ပုံအနေအထားအပြင် နောက်ထပ်အရေးကြီးသောအချက်ကတော့ နို့သီးခေါင်းသန့်ရှင်းရေး ပြုလုပ်ဖို့ ဖြစ်ပါတယ်။ နို့မတိုက်မီနဲ့တိုက်ပြီးချိန်တိုင်း သန့်ရှင်းစွာဆေးကြောပါ။ နို့သီးခေါင်းကပ်သောကပ်ခွာကို အသုံးပြုပါ။ နို့တိုက်ပြီးတိုင်းမှာ နို့သီးခေါင်းပေါ်တွင် နို့စက်အနည်းငယ်ထားရှိခြင်းဖြင့် နို့သီးခေါင်းကိုနူးညံ့စေပြီး နာကျင်မှုကို သက်သာစေမှာဖြစ်ပါတယ်။

Credit: https://www.prenagen.com/

  • APK Download

  • Download - MMAPKNEWRO
  • Please Select Embedded Mode To Show The Comment System.*

    Previous Post Next Post

    Random Posts

    Recent in Player