မြန်မာပြည်၏ဂျူးလူမျိုးများ



မြန်မာနိုင်ငံရှိ လူသိအနည်းဆုံးသော လူနည်းစု အသိုင်းအဝိုင်းများအနက် တစ်စုမှာ မြန်မာဂျူးလူမျိုးများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာ ရှေးခေတ်ကတည်းကပင်.မြန်မာနိုင်ငံတွင် ဂျူးလူမျိုးများ နေထိုင်ခဲ့ကြမည် ဟုယူဆရသည်။ မြန်မာ့သမိုင်းတွင် ပထမဆုံးပါဝင်သော ဂျူးလူမျိုးမှာ အလောင်းဘုရား၏ စစ်တပ်တွင်အရာရှိအဖြစ် (၁၇၅၅ ခုနှစ်ဝန်းကျင်က) အမှုထမ်းခဲ့သူမှာ ဆော်လမွန်ဂါဘရီယိုလ် (Solomon Gabriol) ပင်ဖြစ်သည်။  မော်လဒိုနိုင်ငံဖွား ဂျူးလူမျိုး ဖြစ်သူ ဂျိုးနက်စ် ဂိုလ်ဒင်ဘတ်ဂ် (Jonas Goldenberg) သည် မင်းတုန်းဘုရင်လက်ထက် မန္တလေးနန်းတော်၏ စီပွားဖက်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ကာ သစ်ထုတ်လုပ်ရေးနှင့် ကြီးပွားလာခဲ့သူဖြစ်သည်။

၁၉ ရာစုအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဂျူးလူမျိုးများမှာ ဘဂ္ဂဒက် (Baghdadi) ဂျူးများဖြစ်ကြသည်။ ၂၀ ရာစု အစပိုင်းတွင် ရန်ကုန်တစ်မြို့တည်းတွင်ပင် နေထိုင်သူ ဂျူးလူမျိုးပေါင်း ၂၃၀၀ ကျော်ရှိခဲ့သည်။ (ထိုစဉ်က ရန်ကုန်လူဦးရေမှာ လေးသိန်းခန့်သာရှိသည်။) ၂၆  လမ်းတွင်  (မူရှ်မာ ယေဟိုးဝါ Musmeah Yeshua) ဂျူးဘုရားကျောင်းကြီးမှာ ယနေ့တိုင်တည်ရှိနေပါသေးသည်။ ရန်ကုန် ဂျူးသင်္ချိုင်းတွင် အုတ်ဂူပေါင်း ၆၀၀ ကျော်ရှိသည်။

ဆိုဖယ်(Sofaers) မိသားစုသည် အထင်ကရ ဂျူးလူမျိုး မိသားတစ်စုဖြစ်သည်။ ဒေးဗစ်ဆိုဖယ်(David Sofaer) သည် မြို့တော်ဝန်အဖြစ် ခေတ္တမျှ ဆောင်ရွက်ခဲ့သည်။ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်း (ဖဲယားလမ်း)ထောင့်တွင် ခန့်ညားထည်ဝါသည့် ဆိုဖယ်အဆောက်အဦ ယနေ့တိုင် ရှိနေဆဲဖြစ်သည်။

ဆော်လမွန်မိသားစုသည်လည်း အထင်ကရ ရန်ကုန်ဂျူးမိသားစု တစ်စုဖြစ်သည်။  ဥပမာဆိုရလျှင် အက်ဇရာ ဆော်လမွန် (Ezra Solomon) သည် ၁၉၂၀ ပြည့်နှစ်တွင် မွေးဖွားပြီး ၁၉၄၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရကာ ချီကာဂိုတက္ကသိုလ်တွင် ဗမာပြည်ကိုယ်စားပြု ပညာတော်သင်ကျောင်းသားအဖြစ် တက်ရောက်ခဲ့သည်။ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းလိုက်ရာ အက်ဇရာသည် မြန်မာပြည် မပြန်ရန်ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် စတန်းဖို့ဒ် (Standford) တက္ကသိုလ်မှ ပါမောက္ခအဖြစ်ရော အမေရိကန်သမ္မတ နစ်ဆင်၏ အကြံပေးအဖြစ်နှင့်ပါ အလွန်သြဇာတိက္ကမရှိသော ဘဏ္ဍာရေးဆိုင်ရာ စီးပွားရေးပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

ပထမဓါတ်ပုံမှာ ကုန်သည်လမ်းတလျှောက် ဆိုဖယ်လုပ်ငန်းရုံး ဖွင့်လှစ်ခါစက ဓာတ်ပုံဖြစ်သည်။
ကိုးကား - https://lostfootsteps.org/my


  • Download - MMAPKNEWRO
  • Previous Post Next Post

    Random Posts

    Recent in Player