လိင်အင်္ဂါ
မအပြင်ပိုင်း လိင်အင်္ဂါ (VULVA)
မမျိုးပွားစနစ်၏ အပြင်ပိုင်းဖြစ်ပြီးမိန်းမ ကိုယ်အတွင်းသို့ရောဂါ ပိုးတစ် ချို့ ဝင်ရောက်ခြင်းမှကာကွယ်ပေးပါသည်။
မိန်းမကိုယ်နှုတ်ခမ်းသား (Labia or Lips) - ယင်းသည် မမျိုးပွားအင်္ဂါ၏ အပြင်ပိုင်းဖြစ်ပြီး နှုတ်ခမ်းသားကြီး (Labia Majora) နှင့် နှုတ်ခမ်းသားငယ် (Labia Minora) ဟူ၍ အပိုင်းနှစ်ပိုင်းပါရှိပြီးနှုတ်ခမ်းသား ပုံစံမှာ အမျိုးသမီးတစ်ဦးနှင့် တစ်ဦး မတူပါ။
နှုတ်ခမ်းသားအကြီးအား အမြဲတမ်းလိုလို ဆီးခုံမွှေးများက ဖုံးထား ပါသည်။ အချို့အမျိုးသမီးများ၏ နှုတ်ခမ်းသားအငယ်သည် အချို့အမျိုးသမီးများထက် ပိုကြီး၍ရှည်နေတတ်ပါသည်။ ယင်းသည် ပြဿနာမဟုတ်ပါ။ သို့သော် နှုုတ်ခမ်းသားအသေးသည် အတွင်းခံဝတ်ဆင်သောအခါ အဆင်မပြေကသိကအောက် ဖြစ်လောက်အောင် ရှည်နေလျှင်မူ ကျန်းမာရေးဝန်ထမ်းနှင့် ဆွေးနွေးသင့်ပါသည်။ မိန်းမကိုယ်နှုတ်ခမ်းသားသည် မိန်းမကိုယ်အတွင်းသို့ ရောဂါပိုးတစ်ချို့ ကူးစက်ခြင်းမှ ကာကွယ်ပေးပါသည်။
အပျိုမြှေး (Hymen)
မိန်းမကိုယ်အဝ၏ အတွင်းပိုင်းနားလေးတွင် ရှိသော အနားသတ် အမြှေးပါးလေး ဖြစ်ပါသည်။
ပထမအကြိမ် လိင်ဆက်ဆံသောအခါတွင် အမြှေးပါးပြဲသွားကာ နာကျင်ပြီးသွေးထွက်နိုင်ပါသည်။ သို့သော် အချို့တွင် ထိုသို့ မဖြစ်နိုင်ပါ။ လိင်ဆက်ဆံခြင်းကြောင့် မဟုတ်ပဲ ထိခိုက်ခြင်းကြောင့် ကလေးဘဝတွင် အပျိုမြှေးပါး စုတ်ပြဲခြင်း မျိုးလည်းရှိတတ်ပါသည်။
ကိုယ်ဝန်ရသွားသည့်တိုင် အပျိုမြှေးသည် အကောင်းပကတိရှိနေနိုင်ပါသည်။
မိန်းမလိင်အင်္ဂါအစေ့ (Clitoris)
မိန်းမကိုယ်ဝ၏ အရှေ့ပိုင်းရှိ အစေ့လေးဖြစ်ပါသည်။
လိင်စိတ်ဖြစ်သောအချိန်မျိုးတွင် တင်းမာလာသည်။
မိန်းမကိုယ်
– လိင်ဆက်ဆံရန်နှင့် ကလေးမွေးနိုင်သော လမ်းကြောင်းဖြစ်သည်။
လိင်စိတ်နိုးကြွလာချိန်တွင် မိန်းမကိုယ်ကြွက်သားများ ပျော့ပြောင်းလာပြီး လိင်ဆက်ဆံရန် အဆင်သင့်ဖြစ်လာသည်။ ကျုံနိုင် ဆန့်နိုင်သည်။ ထိုအချိန်တွင် မိန်းမကိုယ် အဝတွင်အရည်များထွက်စေပြီးလိင်ဆက်ဆံမှုကိုအဆင်ပြေချေမွေ့စေသည်။ အရည်များထွက်စေခြင်းဖြင့် လိင်ဆက်ဆံရာတွင် နာကျင်မှုမရှိစေပါ။
လိင်စိတ်နိုးကြွမှုမရှိဘဲလိင်ဆက်ဆံလျှင်မိန်းမကိုယ်သည် ခြောက်သွေ့ပြီးကျုံ့နေသည့်အတွက်၊နာကျင်ခြင်း၊စုတ်ပြဲခြင်း များ ဖြစ်နိုင်ပါသည်။
သားအိမ်ခေါင်း
သားအိမ်ခေါင်းသည် မိန်းမကိုယ်၏ထိပ်တွင်ရှိပြီး သားအိမ်၏ အောက်ဆုံးပိုင်း ဖြစ်သည်။ မိန်းမကိုယ်နှင့်သားအိမ်အား ဆက်ပေးသောပြွန် ဖြစ်ပြီး မုန့်လက်ကောက်ပုံ ရှိပါသည်။ သားအိမ်ခေါင်း (သို့) သားအိမ်လည်တံဟုခေါ်သည်။ သားအိမ်အတွင်းသို့သုတ်ပိုး ဝင်ရာ လမ်းကြောင်းဖြစ်ပြီး သားအိမ်အတွင်းမှ သန္ဓေသားထွက်ရာ အဝလဲဖြစ်သည်။
သားအိမ်
သန္ဓေသား အဆင့်ဆင့် ဖွံဖြိုး ပြီး မွေးဖွားသည်အထိနေသောအိမ် ဖြစ်သည်။ သားအိမ်၏ထိပ်မှ ဘေးတဖက်တချက်သို့ထိုးထွက်နေသော သားဥပြွန်နှစ်ခု ရှိပါသည်။ သားအိမ်ခေါင်းသည် မိန်းမကိုယ် အတွင်းသို့ထိုးဝင်နေသည်။ သားအိမ်သည် တင်ပါးဆုံရိုးကွင်း၏ အောက်ပိုင်းတွင် တည်ရှိကာ လက်သီးဆုပ်အရွယ်ခန့်ရှိပါသည်။
ကိုယ်ဝန်မရှိသော အချိန်တွင်လည်း သားအိမ် အမြှေးပါးတွင်ပြောင်းလဲများ ဖြစ်ပြီး လစဉ်ရာသီသွေးကိုဆင်းစေသည်။
သားဥပြွန်များ (Fallopian Tubes)
သားအိမ်၏ထိပ်တွင်ဘေးတဖက်တချက်သို.ထိုးထွက်နေသောပြွန်များဖြစ်သည်။ ယင်းသားဥပြွန်များအဆုံးတွင် လက်ချောင်းများသဏ္ဌာန် အတံများရှိသည်။ Fimbrial End ဟုခေါ်သည်။ သားဥအိမ်မှသားဥ ကြွေသော အချိန်တွင် ယင်းလက်ချောင်းများ (Fimbrial End) မှ သားဥကိုကောက်ယူပြီး သားအိမ်အတွင်းသို. ပို.ပေးသည်။သားဥပြွန်၏ အကျယ်ဆုံးအပိုင်း (Ampullary End) တွင် သန္ဓေအောင်ခြင်းဖြစ်ပါက သန္ဓေအောင်ပြီး သားဥကိုသားအိမ်အတွင်းသို. ပြွန်များမှပို.ပေးသည်။
သားဥအိမ်များ
သားဥများကို သိုလှောင်ပေးထားရာနေရာ ဖြစ်ပြီး သားဥများကို လစဉ် တစ်လုံးစီခြွေပေးပါသည်။
ကိုးကား - http://lovequestionlifeanswer.org/

