ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းကို ဘယ်လိုကုစားမလဲ


  အဖြစ်များသော ကိုယ်ဝန်ဆောင်မိခင်တို့ရဲ့ ကျန်းမာရေးပြဿနာများတွင် ခါးနာခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် လေးလံသောဗိုက်ကိုသယ်ဆောင်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ရခြင်းကြောင့် ကိုယ်နေဟန်ထားမမှန်ရာကနေ ခါးနာခြင်းဖြစ်ပေါ်ရတာဖြစ်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ပုံမှန်ကိုယ်နေဟန်ထားကလည်း ရှေ့ကိုငိုက်နေတတ်တာမို့ ခါးနာခြင်းဖြစ်စေဖို့ ပိုအားပေးသလိုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် ပထမသုံးလနဲ့နောက်ဆုံးသုံးလတွင် ခါးနာခြင်းကိုပိုမိုကြုံတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ခါးနာတတ်သောမေမေတို့အတွက် အောက်ပါနည်းလမ်းကောင်းလေးများကို စုစည်းတင်ပြပေးလိုက်ပါတယ်။ -ကိုယ်ခန္တာကို တတ်နိုင်သလောက် သက်တောင့်သက်တာရှိသော အနေအထားတွင် ထိမ်းသိမ်းပါ။ရလဒ်အနေနဲ့ ခါးနာတာသက်သာလာတာတွေ့ရပါမယ်။ -ယခင်က ကျောရိုးတွင်ထိခိုက်ဒဏ်ရာရဖူူးသူများအနေဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် ခါးနာဖို့ပိုလွယ်ကူပါတယ်။ -ခါးနာနေသူများအနေနဲ့ နေ့စဉ်ပုံမှန်လှုပ်ရှားမှုပြုလုပ်ပေးပါ။ အပြင်းစားလှုပ်ရှားမှုများနဲ့ အလေးအပင်မခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ -ဖိနပ်အပါးများနဲ့ သက်တောင့်သက်တာရှိသော ဖိနပ်များကိုသာ ရွေးချယ်ဝတ်ဆင်ပါ။ကိုယ်နေဟန်ထားကိုလည်းမှန်ကန်စေတဲ့အတွက် ခါးနာခြင်းကို သက်သာစေနိုင်ပါတယ်။ -ပက်လက်မအိပ်ဖို့ သတိပြုပါ။ဘေးစောင်းအိပ်ခြင်းပြုလုပ်သင့်ပြီး ကိုယ်ဝန်ဆောင်ခေါင်းအုံးများကို ခါးတွင်ခုအိပ်ခြင်းဖြင့်လည်း ခါးနာခြင်းကို ကာကွယ်နိုင်ပါတယ်။



  • Download - MMAPKNEWRO
  • Please Select Embedded Mode To Show The Comment System.*

    Previous Post Next Post

    Random Posts

    Recent in Player