အမျိုးသားများသည် လိင်အင်္ဂါတစ်ဝိုက်အား သန့်ရှင်းပေးရန် လိုအပ်ပါသည်။ အထူးသဖြင့် လိင်တံထိပ်နှင့် လိင်တံထိပ်ဖုံးအတွင်းဘက်တို့ကို သန့်ရှင်းနေအောင် ဂရုစိုက်ပါ။
သင်သည် လိင်တံထိပ်ဖုံးဖြတ်မထားလျှင် အောက်ပါတို့ကို လုပ်ဆောင်ပါ။
- လိင်တံထိပ်ဖုံး အား မနာကျင်စေဘဲ တတ်နိုင်သမျှ နောက်သို့ ဆွဲပါ။ ထိုသို့ နောက်သို့ဆွဲလိုက်၍ လိင်တံထိပ်ပေါ်လာသောအခါ ရေ ကြက်သီးနွေးဖြင့် ညင်သာစွာ ဆေးကြောသန့်စင်ပေးပါ။
- လိင်တံထိပ်ဖုံးအား ဂရုစိုက်ခြင်းကို အလေ့အကျင့်ဖြစ်အောင် လုပ်ပါ။
- လိင်တံထိပ်ဖုံးအောက်ကို သန့်ရှင်းပါ။
- ရောဂါပိုးဝင် ခြင်းကို ကာကွယ်ရန်အတွက် လိင်အင်္ဂါများအား လိင်ဆက်ဆံမှု မပြုခင်နှင့် ပြုပြီးနောက်တွင် ဆေးကြောပါ။
ပုံမှန်ဆေးကြောသန့်စင်ခြင်းမရှိပါက ဖြူဝါဝါအဖတ်ကလေးများ သည် လိင်တံထိပ်ဖုံးအောက်တွင် စုလာနိုင်ပါသည်။ တွေ့မြင်နေကျ မဟုတ်လျှင်ပြည်များနှင့် တူပါသည်။ ယင်းကြောင့် လိင်ဆက်ဆံဖက်အမျိုးသမီးအား သားအိမ်ခေါင်းကင်ဆာဖြစ်စေ သော HPV ရောဂါပိုး ဝင်နိုင်ခြေကို မြင့်မားစေပါသည်။
ဆရာဝန်မှ လိုအပ်ပါက လိင်တံ ထိပ်ဖုံးကိုဖြတ်ရန်ဖြစ်သည်။
လိင်တံထိပ်ဖုံးဖြတ်ထားသော အမျိုးသားများသည်လည်း တစ်ကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လိင်တံထိပ်ဖုံးမရှိတော့သည့်အတွက် လိင်အင်္ဂါထိပ်ပိုင်းသည် ချွေး၊ ဘတ်တီးရီးယားများနှင့် တိုက်ရိုက်ထိတွေ့လာနိုင်သောကြောင့်ဖြစ်သည်။
ရောဂါပိုးဝင် ရောက်မှုများကို ကာကွယ်ရန်အတွက် လိင်အင်္ဂါများအား လိင်ဆက်ဆံမှု မပြုမီနှင့် ပြုပြီးနောက်တွင် သန့်စင်ဆေးကြောပါ။
သန့်ရှင်းသော အတွင်းခံများကို အသုံးပြုပါ
လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင် ချွေးစိုနေသော အဝတ်အစား၊ အတွင်းခံများကို မလဲဘဲနေခြင်းသည် ကျန်းမာရေးနှင့် မညီညွတ်ပါ။ တင်းကျပ်သော အတွင်းခံများနှင့် ဂျင်းဘောင်းဘီများကို အချိန်ကြာမြင့်စွာ မဝတ်ပါနှင့်။ ဘတ်တီးရီးယားများ ပေါက်ဖွားမှုကို
ဖြစ်စေနိုင်ပြီး ရောဂါဝင်ရောက်နိုင်သည်။ အတွင်းခံများ အတွက်ချည်ထည်များ ကိုသာ ပိုမို အသုံးပြုပါ။
ဆီးအောင့်မထားပါနှင့်။
ဆီးသွားချင်ပါက မည်သည့်အခါမျှ အောင့်မထားပါနှင့်။ အထူးသဖြင့် လိင်ဆက်ဆံမှုမပြုခင်တွင်ဖြစ်သည်။ ဆီးသွားခြင်းဖြင့် ဆီးအိမ်သည် ဆီးလမ်းကြောင်းတွင်းတွင် ပေါက်ဖွားနေသည့် ဘက်တီးရီးယားများနှင့် အဆိပ်များအား ဖယ်ရှားပေးနိုင်ပါသည်။ ဆီးသွားခြင်းကို နှောင့်နှေးစေခြင်းဖြင့် ရောဂါပိုးဝင်ရောက်မှုများကို ဖြစ်စေနိုင်ပါသည်။
ကိုးကား - http://lovequestionlifeanswer.org/
