ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးခြင်းဆိုတာ လိင်ဆက်ဆံဖို့အတွက် လိင်တံထောင်မတ်လာစေဖို့နဲ့ ထောင်မတ်ထားနိုင်ဖို့ မစွမ်းဆောင်နိုင်ခြင်း - ပန်းသေပန်းညှိုးခြင်း (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာလှုံဆော်မှု - ရာဂနှိုးဆွမှုများကြောင့် မဟုတ်ဘဲ လိင်တံနာကျင်နေခြင်းတွေ ပါဝင်ပါတယ်။

ဖြစ်ပွားရခြင်းအကြောင်းအရင်းများ

ပန်းသေပန်းညှိုးခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတစ်ခုခုကြောင့် ဖြစ်ပွားတတ်ပါတယ်။ ယေဘူယျအကြောင်းအရင်းအများစုကတော့ -

• နှလုံးရောဂါ

• ကိုလက်စထရောမြင့်မားခြင်း

• သွေးတိုးခြင်း

• ဆီးချိုရောဂါ

• အရက်စွဲခြင်းနှင့် အရာဝတ္ထုပိုင်းညှင်းပန်းနှိပ်စက်မှုဆိုင်ရာ အခြားသောပုံစံများ

• အဝလွန်ခြင်း

• ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာရောဂါ - သွေးတိုးခြင်း၊ အင်ဆူလင်ပမာဏများ မြင့်မားခြင်း၊ ခါးတစ်ဝိုက်ရှိခန္ဓာကိုယ်အဆီနှင့် ကိုလက်စထရောများပြားခြင်းတို့ပါဝင်သည့် အခြေအနေ။

• အချို့သောဆရာဝန်ညွှန်ကြားသည့်ဆေးဝါးများ

• ဆေးရွက်ကြီးသုံးစွဲခြင်း

လူသိနည်းတဲ့ဖြစ်ပွားရခြင်းအကြောင်းအရင်းတွေကတော့ ပါကင်ဆန်ရောဂါ၊ အိပ်စက်မှုကစဉ့်ကလျားဖြစ်ခြင်း (ဒါမှမဟုတ်) တင်ပါးဆုံရိုးနေရာ (ဒါမှမဟုတ်) ကျောရိုးမကြီးကိုထိခိုက်စေနိုင်တဲ့ ထိခိုက်ဒဏ်ရာတွေပဲ ဖြစ်ပါတယ်။

ဦးနှောက်ဟာလည်း လိင်ပိုင်းဆိုင်ရာစိတ်လှုပ်ရှားခံစားမှုကနေအစပြုပြီး လိင်တံထောင်မတ်ခြင်းဖြစ်ပွားလာစေတဲ့ ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်ကို အစပျိုးပေးရာမှာ အဓိကနေရာမှ ပါဝင်ပါတယ်။ လိင်ပိုင်းဆိုင်ရာခံစားချက်တွေကို နှောင့်ယှက်နိုင်ပြီး ပန်းသေပန်းညှိုးဖြစ်ပွားစေခြင်း (ဒါမှမဟုတ်) ပိုမိုဆိုးရွားလာစေခြင်းတွေကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများကတော့ -

• စိတ်ဓာတ်ကျဆင်းခြင်း၊ စိုးရိမ်ကြောင့်ကြပူပန်ခြင်း (သို့) အခြားစိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေများ

• စိတ်ဖိစီးမှုများခြင်း

• စိတ်ဖိစီးမှုကြောင့် အဆင်မပြေတဲ့ဆက်ဆံရေး (သို့) အခြားသောပူပန်သောကများကြောင့် ဖြစ်ပွားလာသော ဆက်ဆံရေးပြဿနာများ

လက္ခဏာရပ်များ

ပန်းသေပန်းညှိုးခြင်းလက္ခဏာရပ်တွေမှာ အောက်ဖော်ပြပါအချက်တွေ ပါဝင်တတ်ပါတယ်။

• လိင်တံထောင်မတ်ရာတွင် အခက်အခဲရှိခြင်း

• ထောင်မတ်ထားနိုင်ရန် မတတ်နိုင်ခြင်း

• လိင်ပိုင်းဆိုင်ရာစိတ်ဆန္ဒလျော့ကျခြင်း

ကုသမှု

လိင်တံထောင်မတ်ခြင်းဆိုင်ရာပြဿနာရပ်တွေရှိနေပါက မိသားစုဆရာဝန်နဲ့ စတင်တွေ့ဆုံတာကောင်းပါတယ်။ အောက်ဖော်ပြပါအချက်တွေဖြစ်ပွားနေရင် ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံပါ။

• ထောင်မတ်ခြင်းဆိုင်ရာစိုးရိမ်ပူပန်မှုတွေရှိလာပါက (ဒါမှမဟုတ်) စောတဲ့ (ဒါမှမဟုတ်) ကြန့်ကြာတဲ့သုတ်လွှတ်ခြင်းလိုမျိုး သုတ်လွှတ်ခြင်းဆိုင်ရာယိုယွင်းမှုအပါအဝင် တခြားလိင်ပိုင်းဆိုင်ရာပြဿနာနှင့်

• အဝလွန်ခြင်း၊ နှလုံးရောဂါ (သို့) ပန်းသေပန်းညှိုးခြင်းနဲ့ဆက်စပ်တဲ့ လူသိများတဲ့တခြားကျန်းမာရေးအခြေအနေရှိလာပါက သွားရောက်ပြသသင့်ပါတယ်။

ဖြစ်ပွားရတဲ့အကြောင်းအရင်း၊ ပန်းသေပန်းညှိုးခြင်း ခံစားရတဲ့ ပမာဏပြင်းထန်ခြင်းနဲ့ တခြားတိမ်မြုပ်နေတဲ့ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး ကုသမှုနည်းလမ်းမျိုးစုံရှိပါတယ်။

စံကုသမှုတွေမှာ အောက်ဖော်ပြပါအခြေအနေတွေလိုမျိုး လူနေမှုဘဝပုံစံ/ သဘာဝဆန်ဆန်အပြောင်းအလဲတွေ ပါဝင်ပါတယ်။

• ကိုယ်လက်လှုပ်ရှားလုပ်ဆောင်ခြင်း

• ကိုယ်အလေးချိန်လျှော့ချခြင်း

• ဆေးလိပ်ဖြတ်ခြင်း

• အရက်သောက်သည့်ပမာဏအား ချုပ်ထိန်းခြင်း

ကျားတန်ဆာဆီသို့ သွေးစီးဆင်းမှုမြင့်တက်လာစေဖို့အတွက် ဆရာဝန်မှ အချို့သောဆေးဝါးတွေကို ညွှန်ကြားနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ လေဖြတ်ခြင်း (ဒါမှမဟုတ်) ဆီးချိုရောဂါ (ဒါမှမဟုတ်) သွေးပေါင်ချိန်ကျဆင်းတာတွေဖြစ်ဖူးတဲ့အမျိုးသားတွေဟာ ဒီဆေးဝါးတွေကို မသုံးစွဲသင့်ပါဘူး။

ဆေးဝါးမှီဝဲစရာမလိုသောရွေးချယ်မှုများ

ဆေးဝါးမှီဝဲဖို့မလိုအပ်တဲ့ကုသမှုတွေကတော့

• ကျားတန်ဆာဆိုင်ရာလေဟာနယ်အားတွန်းထုတ်ခြင်း

• ကျားတန်ဆာအတွင်းသို့ထည့်သွင်းသည့်ပစ္စည်း

• သွေးကြောခွဲစိပ်မှု

တချို့အမျိုးသားတွေအတွက် ဒီနည်းလမ်းတွေအားလုံးကအကူအညီဖြစ်ပေမယ့် သဘာဝဆန်ဆန်ပြောင်းလဲမှုတွေကတော့ ထိရောက်မှုရှိပြီး အန္တရာယ်နည်းပါတယ်။

Source: http://www.mayoclinic.org/diseases-conditions/erectile-dysfunction/basics/definition/con-20034244


အသစ်ပြန်လည် ပြုပြင်ထားသော APK ကို ဒေါင်းယူလိုက်ပါ

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Random Posts

Recent in Player