Guitar Tuner, Bass, Violin, Banjo & more | DaTuner


ဒီတစ်ခါ သူငယ်ချင်းတွေကို မိတ်ဆက်ပေးချင်တာကတော့ Guitar Tuner Pro ဆော့ဖ်ဝဲလေးပါ။
PRO Version ဖြစ်တာမို့ features စုံလင်စွာနဲ့ အသုံးပြုနိုင်လာပါတယ်။
Guitar တီးတက်တဲ့ ဝါသနာပါတဲ့ သူငယ်ချင်းတွေ သိကြမှာပါ Guitar ကြိုးညှိရတဲ့ အလုပ်ကို။ Guitar တီးတက်စအချိန်မှာ ကြိုးညှိဖို့ အတော်ခက်ပါတယ်။ (ကိုယ်တွေ့)
ဂစ်တာကြိုးသံစဉ်ညီနေမှ တီးတဲ့ ဆိုတဲ့နေရာမှာ သံစဉ်ကျတာပါ။ အခု မိတ်ဆက်ပေးတဲ့ ဆော့ဖ်ဝဲလေးကတော့ ဂစ်တာကြိုးကို အလွယ်ကူဆုံး အသံညှိပေးနိုင်တဲ့ ဆော့ဖ်ဝဲပဲ ဖြစ်ပါတယ်။ ၆ ကြိုး ဟော်လို ဂစ်တာတစ်လက်မှာ ကျွန်တော်တို့ တစ်ကြိုးချင်း အလွတ် တီးတဲ့အခါ အပေါ်ဆုံး bass ကြိုးကြီးကနေ အောက်ကို ရေတွက်ပါတယ်။ အက္ခရာစဉ်အားဖြင့် ကြိုးကြီးက E ပါ ပြီးရင်အောက်ကို ဆက်ရေသွားမယ်၊ A, D, G, B, E နဲ့ ပြန်ဆုံးပါတယ်။ Guitar tuner ဆော့ဖ်ဝဲကို ဖုန်းထဲမှာ ဖွင့်ထားမယ် ပြီးရင် အောက်ဆုံးက E ကြိုးကို အလွတ် တီးကြည့်ပါ။ ဖုန်းထဲမှာ ကိုယ်တီးလိုက်တဲ့ကြိုးကို ဖော်ပြနေပြီး ကြိုးအလျော့ အတင်းကို အလယ်မှာ 0 ထားပြီး + and – sign နဲ့ပြထားပါတယ်။ tunning knob ကို လှည့်ပြီး ညှိယူပါ။ key မှန်ပြီဆိုလျှင် မိမိညှိနေသောကြိုး၏ ဥပမာ E ဆိုလျှင် အစိမ်းရောင် ပြောင်းသွားပါမယ်။ အဲဒါဆို ရပါပြီ။ အခြားကြိုးတွေကိုလည်း ထိုနည်း၎င်း ညှိယူသွားရုံပါပဲ။ အောက်မှာ screen shot နဲ့ ပြထားပါတယ်။

-Apk File Size 388KB လေးပဲ ရှိပြီး
Android OS Version 2.1 နှင့် အထက်ရှိထား သော ဖုန်းနှင့်တက်ဘလက်များမှာ ထည့်သွင်း instsll လုပ်၍ အသုံးပြုနိုင်ပါပြီ-
လိုအပ် အသုံးပြုလိုပါက အောက်က လင့်ခ် မှာ ဒေါင်းလုပ် ရယူလိုက်ပါ။

★DOWNLOAD ဆွဲရန် လင့်ခ် ★
  • APK Download
  • Previous Post Next Post

    Random Posts

    Recent in Player