Android စမတ်ဖုန်းများသည် ယနေ့ မျိုးဆက်သစ်များကြားတွင် လူတိုင်းနီးပါး ပိုင်ဆိုင်နေကြပြီဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်းနီးပါး ဂူးဂဲလ်ရဲ့ PlayStore မှ ဂိမ်းများကို ဒေါင်းလုပ်လုပ်ဖို့ အခက်အခဲမရှိ လုပ်ဆောင်နေနိုင်ကြပြီ ဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ Android ဂိမ်းများကလည်း အသစ်အသစ်တွေ ထွက်ရှိနေပါတယ်။ ဒီထဲကမှ Muzhiwan APK လေးကတော့ ငွေကြေးပေး ၀ယ်ရတဲ့ ဂိမ်းတွေကို အခမဲ့ ရယူ ဒေါင်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။ အင်တာနက်မှာ ရှိတဲ့ Android ဂိမ်းတွေကို အခမဲ့ ရယူသုံးစွဲလိုတယ်ဆိုရင် Muzhiwan APK လေးကို သင့် Android ဖုန်းထဲ သွင်းထားလို့ ရပါတယ်။
Muzhiwan App ဟာ တရုတ်အမျိုးသားတစ်စုက ရေးသားထုတ်လုပ်ပေးထားတာပါ။ သူက ဂူဂဲလ်ရဲ့ ထုတ်ကုန်မဟုတ်ရပါဘူး။ အဲ့ဒါကြောင့် PlayStore မှာ သွားရှာရင် တွေ့ဖို့ ခက်ခဲနေမှာပါ။ တိုက်ရိုက်ပဲ သူ့ ၀က်ဆိုဒ်ကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ Muzhiwan ကို အင်္ဂလိပ် ဘာသာနဲ့ တော့ ရယူ သုံးစွဲနိုင်ဦးမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ဆီမှာ တော့ သူ့ကို ဂိမ်းတွေ၊ ဆောဖ့်ဝဲတွေ ဒေါင်းဖို့ထက် ကွန်ပျူတာထဲမှာ ရှိနေတဲ့ Android ဆောဖ့်ဝဲတွေကို သူ့ဆောဖ့်ဝဲ သူ့အရုပ် icon လေးကို မြင်ချင်တဲ့ အတွက် ပဲ အသုံးများပါတယ်။ ကွန်ပျူတာမှာ သုံးဖို့ Muzhiwan for PC ကို ဒေါင်းလုပ်ရယူဖို့အတွက် သူ့ကိုယ်ပိုင်ဆိုဒ်မှာ သွာရောက် ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ရယူဖို့အတွက် - ဒီမှာ နှိပ်ပါ။
သူ့ဆိုဒ်ကနေ ဒေါင်းလို့မရရင် မိမိ ပြန်တင်ပေးထားတဲ့ လင့်ရှိပါတယ်။ ဒီမှာ နှိပ်ပါ။ သူ့ကို ဒေါင်းပြီးရင် သွင်းယူပုံအဆင့်ဆင့်ကို ဖော်ပြပေးပါမယ်။
၁။ ကျွန်တော် တင်ထားပေးတဲ့ လင့်က WinRAR နဲ့ Compress လုပ် ချုံ့ထားပါတယ်။ Double Click နှိပ်ဖွင့်လိုက်ရင် အောက်ဖော်ပြပါပုံအတိုင်းမြင်ရပါမယ်။
( သင့်ဆီမှာ WinRAR ရှိလိမ့်မယ်လို့ ယူဆပါတယ်။ မရှိရင် ကျွန်တော့် ဘလော့ထဲမှာ WinRAR ကို တင်ထားပေးပါတယ်။ ဒေါင်းလိုက်ပါ။ )
၂။ muzhiwan v4.0.0.517 ကို Double Click နှိပ်ပါ။ ခေတ္တ စောင့်ပါ။
၃။ သူက တရုတ်ဘာသာစကားဖြင့်သာ ထုတ်လုပ်ထားပါတယ်။ ကျွန်တော့် စက်ထဲမှာ သူလိုတဲ့ ဘာသာစကားမရှိလို့ ရှိတဲ့ စာတွေကို အစားထိုး ဖော်ပြလို့ ဘာမှန်း ဖတ်မရပါ။ နောက်တစ်ဆင့်ကို ကျော်ဖို့အတွက် .....(N) ဆိုတဲ့ ခလုပ်ကို နှိပ်ပါ။
၅။ ခေတ္တ စောင့်ပါ။
၆။ သွင်းယူခြင်း လုပ်ငန်း ပြီးသွားပါပြီ။ အမှန်ခြစ်ကို တော့ ဖြုတ်ခဲ့လိုက်ပါမယ်။ .....(F) ကို နှိပ်ပါ။





