iPhone , iPad
Download
Crd : THE VOICE JOURNAL
Uni
ကိုယ့်သုံးတဲ့ ဖုန်းမှာ UNICODE ဘယ်လို ပြောင်းမလဲ
ကိုယ့်သုံးတဲ့ ဖုန်းမှာ Unicode ဘယ်လို ပြောင်းမလဲ  
 Download  iPhone  Or  iPad  Download Android  သုံးမျိုး ပါဝင်ပါတယ် လုပ်နည်းပါ ထည့်ပေးထားပါတယ်
ဝေဖန်သံတို့ ဆူဆူညံလာပြန်ပြီ ဖြစ်သည်။ အခြားမဟုတ် ယူနီကုတ် – ဇော်ဂျီ အရေးဖြစ်သည်။ ဝန်ကြီးဌာနများ ပြည်ထောင်စုဖောင့်ကို တရားဝင် အသုံးပြုလာကြသည်နှင့် အတူ ယူနီကုတ်အသုံးပြုရေး နှိုးဆော်သံများ Facebook စာမျက်နှာထက်တွေ ကျယ်ကျယ်လောင်လောင်ကြားလာရပြန်ပြီ။ ဖုန်းအော်ပရေတာများက အောက်တိုဘာ ၁ ရက်နေ့မှာ စပြီး ယူနီကုတ်ကို အသုံးပြုမည်ဖြစ်သည်။။ ထို့အတွက် ရှိရင်းစွဲ ဇော်ဂျီမှ ယူနီကုတ်သို့ ပြောင်းသုံးချင်သူများလည်း ရှိနေကြပြီဖြစ်သည့်အတွက် Android ၊ iOS များတွင် ယူနီကုတ်ပြောင်းသုံးရန်အတွက် အဆင့်များကို ဖော်ပြပေးလိုက်ပါသည်။
Android သုံးဖုန်းများတွင် ဇော်ဂျီအသုံးပြုနေရာမှ ယူနီကုတ်ထည့်မည်ဆိုလျှင် ကိုယ်သုံးသည့် ဖုန်းအမျိုးအစားအလိုက် လုပ်ဆောင်ရသည့် အဆင့်များအနည်းငယ် ကွဲပြားမှုရှိမည်ဖြစ်သည်။ ယူနီကုတ်သို့ ပြောင်းလဲရန်အတွက် လုပ်နည်းခုနစ်မျိုးရှိပြီး ကိုယ့်ဖုန်းနှင့် အဆင်ပြေရာတစ်မျိုးမျိုးကို ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်သည်။
လုပ်နည်း ၁ ။  Setting ထဲမှ  Display ထဲရှိ Font တွင် မူလအတိုင်း ‘Default’ ပြန်ထားပေးရမည် ။
လုပ်နည်း ၂ ။ Theme Style တွင် Default Theme/ Default Font ပြန်ရွေးပေးရမည် ။
လုပ်နည်း ၃ ။ Setting ထဲမှ Language & Input မှ တစ်ဆင့် English(US) ဖြစ်စေ English(UK) ဖြစ်စေ ပြောင်းပေးရမည်။
 လုပ်နည်း ၄ ။ Setting ထဲမှ Language & Input မှ တစ်ဆင့် ‘ဗမာ(Unicode)’, ‘မြန်မာ(ယူနီကုဒ်)’ , English (Myanmar[Burma]) ကဲ့သို့ Language ကို ရွေးပေးခြင်းဖြင့် ယူနီကုတ်ပြောင်းနိုင်မည် ။
လုပ်နည်း ၅ ။ Language နှစ်မျိုး တစ်ပြိုင်တည်းရွေးချယ်ပေးနိုင်သော ဖုန်းများတွင် English ကို ပထမ၊ ဗမာ(ယူနီကုဒ်) ကို ဒုတိယ ထား၍ အသုံးပြုနိုင်မည် ။
လုပ်နည်း ၆ ။ Font apk များဖြင့် သွင်းနိုင်မည် ။ Samsung ဖုန်းများအတွက် Myanmar & other Unicode fonts ကို Google Play ကနေ တစ်ဆင့် သွင်းနိုင်သည်။ အခြားအမျိုးအစားဖုန်းများအတွက် MM Unicode Installer ကို https://apkpure.com မှ တစ်ဆင့် ရယူနိုင်မည်။
လုပ်နည်း ၇ ။ ZawGyi font တမျိုးတည်းသာထည့်သွင်းထားသောဖုန်းများတွင် Root access လုပ်ပြီး ထည့်ရမည်ဖြစ်သည်။
စာရိုက်ရန်အတွက်Gboard နှင့် TTkeyboard ထည့်သွင်းနိုင်မည်ဖြစ်သည်။
iPhone , iPad
iOS အသုံးပြုသူများအတွက် Unicode ထည့်သွင်းနည်းမှာ iOS version ပေါ် မူတည်၍ နှစ်မျိုးကွဲပြားမည်ဖြစ်သည်။
iOS 12 သုံးသူများအတွက် Setting > General > Profile ထဲမှ Zawgyi Font Profile Link ကို အရင် Remove လုပ်ပေးရမှာပါ။ My font App ထဲက Pyidaungsu font ကို Install လုပ်ပြီး Restart ချပေးရင် Unicode ပြောင်းသွားမည် ဖြစ်သည်။ Unicode ပြောင်းသည်နှင့် ဇော်ဂျီနှင့် ရေးထားသည့် စာအဟောင်းများ လွဲနေမည်ဖြစ်ပြီး PYAUNG ဆိုသည့် ဆော့ဖ်ဝဲကို သွင်းပေးရမှာပါ။
iOS 13 Beta သုံးသူများအတွက် Setting >General > Language & Region > Preferred Language order ထဲက Burmese ထဲ ဝင်ပြီး Standard (Recommended) ကို ရွေးပေးရင် Reboot သွားမည်ဖြစ်သည်။ ပြန်တက်လာလျှင် နောက်တစ်ခါ Restart ချရမှာဖြစ်ပြီး Unicode ပြောင်းသွားမည် ဖြစ်သည်။
ဖုန်းနှင့် စာရိုက်ရန် Unicod keyboard အနေနှင့် TTkeyboard ကို သုံးပေးနိုင်မည်ဖြစ်ပြီး iOS 13 User များအတွက် Unicod Keyboard Built in ပါဝင်မည်ဖြစ်သည်။ 
မြန်မာနိုင်ငံတွင် ဇော်ဂျီ – Unicode , Unicode – ဇော်ဂျီဟူ၍ လွန်ဆွဲခဲ့သည်မှာ နှစ်ကာလများစွာ ကြာမြင့်နေပြီဖြစ်ပြီး ယခုအခါ နိုင်ငံတော်အဆင့်မှသည် နေ့စဉ်သုံးစွဲနေသည့် လူမှုကွန်ရက်အထိ Unicode ပြောင်းရေး လုပ်ဆောင်နေကြပြီဖြစ်သည်။ စာရိုက်ရသည်မှာ ဇော်ဂျီကဲ့သို့ လွယ်ကူလွန်းမနေသော်လည်း Unicode တွင်လည်း အားသာချက်အများအပြားရှိနေသည်။
Unicode တွင် စံသတ်မှတ်ချက်ရှိသည့်အတွက် အင်တာနက်တွင် အချက်အလက်များသိမ်းဆည်းခြင်းနှင့် ပြန်လည်ရှာဖွေရာတွင် အမှားကင်းစွာ လုပ်ဆောင်လာနိုင်မည် ဖြစ်သကဲ့သို့ လူသုံးများသည့် Google Map ၏ location များကိုလည်း မြန်မာဘာသာနှင့် ပိုမိုတိကျစွာ ရှာဖွေနိုင်မည်ဖြစ်သည်။
Unicode သည် နိုင်ငံခြားဘာသာစကားမှ မြန်မာဘာသာစကားသို့ အပြန်အလှန်ပြောင်းလဲရာတွင်လည်း ပိုမိုလွယ်ကူမှန်ကန်မည့်အားသာချက်ရှိပြီး မြန်မာစာအခြေပြု ဉာဏ်ရည်စနစ်ဖြစ်သည့်အတွက် အလိုအလျောက် စာလုံးပေါင်းပြင်ခြင်း၊ အချက်အလက်တူရာများကို စုထားပေးခြင်း စသည်များကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။
Download
Crd : THE VOICE JOURNAL
Previous Post Next Post
Random Posts
Recent in Player